1186 - 1190

133 9 0
                                    

အခန်း(၁၁၈၆) မေ့ပျောက်ခြင်းမြစ်

အန်ထျန်းကျို လက်အောက်ရှိ အရာရှိများသည် နောက်ထပ် အကြိမ်အနည်းငယ် စမ်းသပ်ကြိုးစားခဲ့သော်လည်း ရလဒ်မှာ အတူ တူပင် ဖြစ်သည်။ မည်သည့်တွဲဖက်သားရဲအမျိုးအစားဖြစ်နေပါစေ အရည်အချင်း(သို့) အမျိုးအစားခွဲခြားခြင်းမရှိဘဲ မေ့ပျောက်ခြင်းမြစ် ၏ မီးခိုးများဆီသို့ ချဉ်းကပ်လာသရွေ့၎င်းတို့သည် သဲလွန်စမကျန်ရှိ ဘဲ မြစ်အတွင်းသို့ ချက်ချင်း ထိုးဆင်းသွားမည် ဖြစ်သည်။ လှိုင်းလုံး များပင် ဖြစ်ပေါ်ခြင်း မရှိပါ..။

တွဲဖက်သားရဲများအတွက် မေ့ပျောက်ခြင်းမြစ်ကို တိုက်ခိုက် ရန်မှာ အသုံးမဝင်ပေ..။ သူတို့သည် မြစ်အတွင်းသို့ ဝင်ရောက်သည် နှင့် အားလုံးပျောက်ကွယ်သွား၏။ မေ့ပျောက်ခြင်းမြစ်က မည်မျှ နက်သည်ကို မသိနိုင်ပါ..။

မေ့ပျောက်ခြင်းမြစ်အတွင်းသို့ ဝင်ရောက်ရန်ပင် မဖြစ်နိုင်သော ကြောင့် အသက်သုံးချောင်းကျောက်တုံးကို ရှာရန် ဖြစ်နိုင်ခြေနည်း ပါးသွားပါပြီ..။

        ကျိုးဝမ် နှင့် လီရွှမ် သည်လည်း အဆင့်နိမ့်တွဲဖက်သားရဲအချို့ ကို ဆင့်ခေါ်ကာ မေ့ပျောက်ခြင်းမြစ်အတွင်းသို့ ချဉ်းကပ်ရန် ကြိုး စားကြည့်ခဲ့သည်။ သို့သော်လည်း အန်ထျန်းကျိုတို့အဖွဲ့၏ ကြိုးစား မှုများကဲ့သို့ပင် မည်သည့်တွဲဖက်သားရဲမှ မေ့ပျောက်ခြင်းမြစ် အတွင်း ရှင်သန်နိုင်ခြင်း မရှိခဲ့ပေ..။

        ကျိုးဝမ် သည် ဂရုတစိုက်နားထောင်ရန် မဟာဗြဟ္မာကို အသုံး ပြုပြီး သူ့အာရုံများကို အားကောင်းစေခဲ့သည်။ သူသည် မေ့ပျောက် ခြင်းမြစ်အတွင်းသို့ လှမ်းကြည့်သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါ..။

        “ ကြီးကြပ်ရေးမှူး… ကျွန်တော့်ကို စမ်းသပ်ခွင့်ပြုပါ…”

အရာရှိတစ်ယောက်က မတ်တပ်ထရပ်ပြီး အန်ထျန်းကျိုကို အလေးပြုလာခဲ့သည်။

        ကျိုးဝမ် နှင့် လီရွှမ်တို့က တစ်ချက်ကြည့်လိုက်ရာ ထိုလူသည် စစ်တပ်ယူနီဖောင်း နှင့် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည် ဓာတ်ငွေ့ကာမျက်နှာဖုံး နှင့် စစ်ဦးထုပ်ကို ဝတ်ဆင်ထား၏။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now