အခန်း(၁၁၃၆) ပင်လယ်ဘေးအန္တရာယ်
ဘွမ်း…။
ကျိုးဝမ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေစဉ် သူ့ခြေ ထောက်အောက်တွင် ပြင်းထန်သော ငလျင်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် နားကွဲလုမတတ် စူးစူးဝါးဝါး အော် ဟစ်သံများကို မကြားရခင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ကို သူ ကြားလိုက်ရသည်။
မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ အဖြေမရှာနိုင်ခင် မှာပင် ဧရာမသင်္ဘောကြီး၏ ကြီးမားသောကိုယ်ထည်သည် ဘေး ဘက်သို့ စောင်းစပြုလာသည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံ ကြီးတစ်ခု ထွက်ပေါ်လာသည်..။
ရေခဲတောင်စွန်းတစ်ခုသည် မည်သည့်နေရာမှ ပေါ်လာမှန်း မသိနိုင်ခင် သင်္ဘောကုန်းပတ်ဆီသို့ ဝင်တိုက်ခဲ့သည်။ ကွဲအက်သွား သော ရေခဲချွန်များသည် လူအများကို ထိမှန်သွားပြီး သွေးများစွာ စွန်းထင်းစေပါပြီ..။
သင်္ဘောနံဘေးသည် အဖျားပိုင်းဖြစ်သောကြောင့် ငိုကြွေးသံ များနှင့် အော်ဟစ်သံများ ပိုပြီး ရောယှက်နေသည်။ လူအများအပြား သည် ချော်လဲပြုတ်ကျကုန်သည်။ ရေပူလှိုင်းများ ထိုးတက်လာ သောကြောင့် အနီးအနားတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျိုးဝမ်နှင့် ဆုကူယိုမီကို လွင့်စင်ပျံသန်းသွားစေသည်။
ကျိုးဝမ်သည် မည်သည့်ငရဲအတွင်း သူရောက်နေမှန်း မသိ တော့ပါ။ ရှေးဦးမူလစွမ်းအားသိုင်းကျွမ်းကျင်မှုများ နှင့် အမျိုးမျိုး သော အခြားအရည်အချင်းများကို သူ အသုံးမပြုနိုင်ရုံသာမက သူ့ ခန္ဓာကိုယ်သည်ပင် မည်သည့်အခါမှမကျင့်ကြံထားသလိုမျိုး အလွန် အမင်းအားနည်းသွားခဲ့သည်။
ကျေးဇူးတင်ရမည်မှာ သူ့ခွန်အားနှင့် အရည်အချင်းများသည် အသုံးမဝင်သော်လည်း သူ့နည်းစနစ်နှင့် တုံံ့ပြန်နိုင်စွမ်းမှာ ကျန်ရှိ နေပါသေးသည်။ ကျိုးဝမ် လဲကျသွားသောအခါ သူသည် လက်ရန်း ကို ဆွဲကိုင်ကာ ပင်လယ်အတွင်းသို့ ပြုတ်ကျစေရန် တားဆီးလိုက် သည်..။
ယခင်က ကျိုးဝမ်သည် ဆုကူယိုမီက သူမ၏ခွန်အားများကို အသုံးချနိုင်မလားဟု သံသယရှိခဲ့သော်လည်း သူမ အသုံးမပြုနိုင် ကြောင်း အလျင်အမြန် နားလည်သွားခဲ့သည်။ ကျိုးဝမ်ထက် မြင့် သော သတ္တုလက်ရန်းတစ်ခုကို သူမ ဖမ်းဆုပ်ထားခဲ့သော်လည်း ဘေးနားရှိအခန်းသည် ရုတ်တရက် ပေါက်ကွဲသွားသည်။ အပိုင်းအစ များသည် ဆုကူယိုမီ၏ဦးခေါင်းအတွင်း စိုက်ဝင်သွားပြီး ချက်ချင်း ပင် သွေးများ ထွက်လာစေသည်။ သူမသည် ပြုတ်ကျလာပြီး သင်္ဘောကုန်းပတ်အောက်သို့ လိမ့်ဆင်းသွားသောကြောင့် မူးမေ့ သွားတော့မည့်အရိပ်အယောင်များပြသလာရင်း ပင်လယ်အတွင်းသို့ ပြုတ်ကျတော့မည် ဖြစ်သည်။
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...