1131 - 1135

152 11 0
                                    

အခန်း(၁၁၃၁) အာကာသဟင်းလင်းပြင်တိတ်ဆိတ်ငြိမ်သက်ခြင်း

    သူတို့သည် သတို့သမီးကျွန်းမှ လွတ်မြောက်လိုလျှင် အဆိုပါ အမျိုးသမီးကို အနိုင်ယူရမည်ဖြစ်ကြောင်း ဖန့်မင်စုလည်း သိနေခဲ့ သည်..။ မဟုတ်လျှင် သူတို့သည် ဤနေရာရှိ ဒိုင်မေးရှင်းသတ္တဝါ အားလုံးကို သတ်နိုင်ခဲ့လျှင်ပင် ရှင်သန်ရန် အခွင့်အလမ်း မရှိပါ…။

        [ ဟိုးတုန်းက လူသားအချုပ်အခြာအာဏာက ဘေးဥပဒ်ကပ် ဘေးအဆင့် စွမ်းအားကြီး သိထျန်းကို အနိုင်ယူနိုင်ခဲ့တယ် .. ခဲအို ကလည်း ဒီလိုပဲ ထပ်တူလုပ်နိုင်မှာပါ…]

ကျီမိုချင်းသည် ဖန့်မင်စုအတွက် တိတ်တဆိတ် ဆုတောင်းနေ ခဲ့သည်..။

သို့သော်လည်း ဖန့်မင်စုသည် အမှန်တကယ်အားဖြင့် မိန်းမ တစ်ယောက်ဖြစ်နေသည်ကို တွေးမိသောအခါ ကျီမိုချင်း၏ မျက်နှာ အမူအရာမှာ စတင် ရှုပ်ထွေးလာခဲ့သည်..။

        ဖန့်မင်စု က ကောင်းကင်ကို အံတုပြီး လူသားအချုပ်အခြာ အာဏာပြုလိုမျိုး သူမ၏ ကံကြမ္မာကို ပြောင်းလဲကာ ဘေးဥပဒ်ကပ် ဘေးအဆင့်ဒိုင်မေးရှင်းသတ္တဝါကို အနိုင်မယူချင်ဘဲ မည်ကဲ့သို့ ရှိနိုင် မည်နည်း..။ ထို့အပြင် သူမသည် လုပ်ကိုလုပ်ရမည်ဖြစ်ပြီး မဟုတ် လျှင် သေခြင်းတရားသည် တစ်ခုတည်းသော ရလဒ်ပင်..။

အမျိုးသမီးသည် မီးတောက်များနှင့် ဖန့်မင်စုကို ကြည့်လိုက် စဉ် သူမ၏ မျက်လုံးများသည် မပြောင်းမလဲ ရှိနေသည်..။

    ဖန့်မင်စု၏ ခန္ဓာကိုယ်ပေါ်ရှိ ဖီးနစ်မီးတောက်များသည် ပိုမို ပြင်းထန်လာပြီး အားကောင်းသည်ထက် အားကောင်းလာသည်..။ သူမ၏ကျောဘက်ပေါ်ရှိ မီးတောက်များက ကမ္ဘာကို လွှမ်းမိုးထား သောဖီးနစ်တောင်ပုံတစ်စုံကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်း ထားသည်။ ဖန့်မင်စုက လက်သီးတစ်ချက်ထိုးလွှတ်လာစဉ် ကောင်း ကင်ပြည့် ဖီးနစ်မီးတောက်များကလည်း ရေတံခွန်တစ်စင်းလိုမျိုး သွယ်ဖြာဆင်းလာလျက်…။

ဖီးနစ်မီးတောက်များ သူမ၏ ရှေ့သို့ရောက်ရှိလာသောအခါ အမျိုးသမီးသည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့ပါပြီ။ သူမ၏ ရင်ခွင် ပိုက်အတွင်းမှ မဟူရာနက်မှောင်သောဆေဘာဓားသည် ဓားအိမ်မှ ထွက်ပေါ်လာပြီး လရောင်အလင်းတန်းတစ်ခုလို လင်းလက်သွား ခဲ့ပါပြီ…။

ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 -   )Where stories live. Discover now