အခန်း(၁၂၇၆) ဓားတစ်လက်နှင့် အိန်ဂျယ်တစ်ပါးကို သတ်ခြင်း
သိထျန်းကို သတ်ဖြတ်ပြီးနာက် အဖွဲ့ချုပ်အတွင်းရှိ လူများ သည်ပင် ပုံတူရုပ်များစွာကို ရောင်းချခဲ့သဖြင့် အင်မော်တယ်သုတ် သင်ခြင်းဓားကို မမှတ်မိသည့်သူသည် လူသားမျိုးနွယ်ကြားတွင် မည်ကဲ့သို့ ရှိနိုင်မည်နည်း..။
သို့သော်လည်း လူသားတစ်ဦးသည် ဤဓားဖြင့် ဗီးနပ်စ်ဂြိုဟ် ပေါ်ရှိ ဘေးဥပဒ်ကပ်ဘေးအဆင့်စစ်မြေပြင်အတွင်းသို့ ဝင်ရောက်ဝံ့ ခြင်းအတွက် လူသားအချုပ်အခြာအာဏာ ဖြစ်နိုင်ခြေသည် အလွန် မြင့်မားနေမည်မှာ သေချာနေသည်။
“ အိုး… သောက်ကျိုးနည်း … ဘော့စ် … ဒါက တကယ်ပဲ လူသားအချုပ်အခြာအာဏာလား…”
ဘေးနားတွင်ရှိနေသည့် ဝန်ထမ်းတစ်ဦးသည် စိတ်လှုပ်ရှားစွာ ဖြင့် အော်ဟစ်နေမိသည်။
“ ဖြစ်နိုင်ခြေက အရမ်းများတယ်… ဗီးနပ်စ်ဂြိုဟ်လို နေရာမျိုး မှာ ပေါ်လာနိုင်တယ်… ဗျူရိုလာပို့လာတဲ့ ဂြိုဟ်တုလိုင်းအတွက် ဆိုရင် …. ထုတ်လွှင့်နေတဲ့လိုင်းကို ချက်ချင်း ပြောင်းပေးလိုက်… စကားမစပ်… ပိုပြီးသတိထားပါ… နောက်ပိုင်း သတင်းထုတ်ပြန် ချက်မှာ “ သံသယ ” ဆိုတဲ့ စကားလုံးကို ထည့်သုံးပါ…”
သတင်းမီဒီယာဌာနခွဲဖြစ်သည့် အဖွဲ့ချုပ်လွတ်လပ်သော သတင်းပြန်ကြားရေးဗျူရိုသည် မကြာမီ အရှိန်အဟုန်ဖြင့် စတင်ပြီး ဆောင်ရွက်လိုက်ပြီဖြစ်သည်။ များမကြာမီတွင် အခြားမီဒီယာများမှ ကြည့်ရှုနေကြသူများသည် အဖွဲ့ချုပ်လွတ်လပ်သောသတင်းပြန် ကြားရေးဗျူရိုကို ပြောင်းကြည့်လာသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အမည်နာမတစ်ခုကို ကြားလိုက်ရသောကြောင့်ပင်..။
“ သောက်ခွပဲ… ဒါက တကယ်ပဲ လူသားအချုပ်အခြာအာဏာ ဖြစ်နေတာလား…”
“ ဓားကတော့ တကယ်တူတယ်…”
“ ဗီးနပ်စ်ဂြိုဟ်လိုနေရာကို သွားနိုင်သလို ဘေးဥပဒ်ကပ်ဘေး အဆင့်စစ်မြေပြင်ကိုတောင် ဝင်ရဲမှတော့ လူသားအချုပ်အခြာအာ ဏာကလွဲပြီး တခြားဘယ်သူ့ကို စဉ်းစားလို့မရဘူး…”
YOU ARE READING
ဂိမ်းလေး အေးဆေး ဆော့ပါရစေ Book 2 ( Ch 991 - )
AventuraGameလေးဆော့ခွင့်ပြုပါဗျာ ရေးသားသူ=Twelve-Winged Dark Seraphim ဘာသာပြန်=မင်းနောင် အကျဉ်းချုပ် သွေးတစ်စက်=အသက်တစ်ခု လူတိုင်းဂိမ်းတစ်ခုကို ညလုံးပေါက်ဆော့ဖူးကြလိမ့်မလား ကျွန်တော်လည်း ဂိမ်းကိုညလုံးပေါက်ဆော့နေရတယ် ကမ္ဘာကြီးကို စကြာ၀ဠာနယ်မြေချိတ်ဆက်ခြင်းမု...