part 1

23.3K 211 5
                                    

                           🌱

" နင်ဟာလေ ကောင်းကျိုးမပေးတဲ့ကလေး .."

ရုတ်တရက် နားထဲဝင်လာသည့်အသံကြောင့်
သံစဥ်တခုမှာ လိုက်ပါစီးမြောနေသည့်လူသစ်နေမှာ
ဆတ်ခနဲဖြစ်သွားရသည် ။

ပတ်ဝန်းကျင်ကိုလည်း သတိထားလိုက်မိ၏ ။

အသက်အရွယ်အားဖြင့်
လေးဆယ်ကျော်ရုံသာရှိသေးမည့် အမျိုးသမီးက
ရှစ်နှစ်အရွယ်ကောင်လေးတယောက်ကို ဆူပူနေသည် ။

" နင့်ကိုမွေးပြီးကတည်းက ငါ့မှာအခက်အခဲချည်းဘဲ
ငါကောင်းကောင်းရှာဖွေကျွေးနေရင် အေးဆေးစားစမ်းပါ "

ဂျိုင်းပြတ်အကျီပေစုတ်စုတ်လေးကိုဝတ်ထားပြီး
လက်ထဲမှာ ပေါင်မုန့်တချပ်ကို ကိုင်ထားသည့်ကလေး ။

မျက်လုံးဝိုင်းလေးနဲ့ သူ့အမေကိုပြန်ကြည့်နေပုံက
နားမလည်သလို ဖြူစင်သည့်အကြည့်လေးတွေနဲ့ဖြစ်သည် ။

ဟုတ်တာပေါ့ ။

ဒီအရွယ်ကလေးတယောက်က ဘာနားလည်ဦးမှာလဲ ။

မိဘတွေခက်ခဲပါစေတော့ရယ်လို့
ဒီကလေးစိတ်မှာ ဘယ်လိုရည်ရွယ်ခဲ့မှာလဲ ။

ကံကြမ္မာဆိုလျှင်တောင်မှ
အဲ့ဒီကံကြမ္မာကို ဒီကလေးဘယ်လိုသိမှာတဲ့​လဲ ။

" ငါ့မှာ စားဖို့သောက်ဖို့ရှာရတာတမျိုး
နင့်အရှုပ်တွေကို လိုက်ရှင်းရတာတမျိုးနဲ့ .."

အရှုပ်တွေ ။ အရှုပ်တွေတဲ့လား ။

ဒီအရွယ်ကလေးတယောက်က
ဘယ်လောက် ကြီးလေးသည့်အရှုပ်ကို လုပ်နိုင်မှာမို့လဲ ။

ဒီအတွေးကို တွေးမိတော့ သူ့ရင်ထဲမှာ နွေးသွားရသည် ။

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အရာရာဟာ လှပ,နေမှာပါဘဲ ။

ဘယ်လိုအမှားမျိုးကိုဘဲလုပ်လုပ်
ချစ်တဲ့စိတ်ကသာ အနိုင်ရနေရင်
အရာရာကိုခွင့်လွှတ်နိုင်မှာအသေအချာပါ ။

ချစ်တဲ့စိတ်ဆိုတာကလည်း
ပူလောင်သည့်ချစ်ခြင်းမျိုးကိုပြောတာမဟုတ်ဘဲ
အေးမြတဲ့မေတ္တာတွေနဲ့ရောစပ်ထားသညံချစ်ခြင်းတွေက
လူတယောက်ကို နွေးထွေးလုံခြုံစေခဲ့မှာပါလေ ။

ပန်းပျိုးလက် 🌱Opowieści tętniące życiem. Odkryj je teraz