Part 31

3.2K 122 7
                                    

                           🌱

" လွမ်းနေခဲ့တာဋီကာရယ် .. ကိုကိုလေ မင်းကို  .."

" အင်း ဋီကာရောဘဲ "

" ................... "

မတွေ့မမြင်ရသည့်နေ့ရက်တွေမှာ
အရာရာကို သည်းခံချုပ်တည်းနိုင်ခဲ့ပေမယ့်
လွတ်လပ်စွာတွေ့ဆုံချိန်မှာတော့ လူသစ်နေသည်လည်း
ဋီကာ့ကိုယ်လေးကို မလွှတ်တမ်းဖက်ထားမိတော့သည် ။

မမြင်ရသည့်မျက်နှာလေး ၊
မကြားရသည့်အသံလေးတွေကို
အတိုးချကာ ငေးမောနားဆင်နေရင်းဖြင့်
ကုန်လွန်နေသည့်စက္ကန့်တွေကိုပင် ရပ်တန့်ထားချင်မိ၏။

သူ့ရင်ခွင်ထဲမှာ မျက်လွှာလေးချကာ
ငြိမ်သက်နေသည့် ဋီကာ့ကိုယ်လေးကို
အသာအယာထွေးဖက်လိုက်ပြီး နဖူးလေးကိုနမ်းလိုက်သည်။

" ဋီကာ, .."

" ဟင် .."

" ချစ်တယ်, .."

" ဟုတ်, .."

စောင်ခြုံအောက်မှ အဝတ်မဲ့နေသည့်ဋီကာ့ကိုယ်လေးကို
ရင်ခွင်ထဲဖိကပ်သွားရအောင် ခါးလေးမှ ဆွဲယူလိုက်သည်။

ထို့နောက် မျက်နှာလေးပေါ်ပြိုကျနေသည့်
ရွှေအိုရောင် ဆံပင်နုနုလေးတွေကို သပ်တင်ပေးရင်း
ပါးပြင်လေးကိုဖွဖွအုပ်ကိုင်ကာ နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။

ဋီကာလေးက သူ့ရင်ခွင်ထဲမှာကျောပေးထားရာမှ
လည်ပြန်လှည့်ကြည့်ရင်း အနမ်းတွေကိုတုန့်ပြန်လေသည်။

ချပ်ချပ်ကပ်ကပ်ဝမ်းဗိုက်လေးပေါ်မှ သူ့လက်တွေက
မို့မို့တင်းတင်းနဲ့ လုံးဝန်းလှပသည့်ရင်သားတွေဆီကို
ခပ်ဖြည်းဖြည်းချင်းဆန်တက်လာခဲ့သည် ။

သူ့လက်ဖဝါးထဲမှာ အပြည့်အတင်းရှိနေသည့်
ထိုရင်းသားဆိုင်လေးတွေရဲ့ နုညံ့မှုတွေမှာလည်း
အချိန်ကြာကြာ ထိတွေ့ဆုပ်ကိုင်ထားမိလေသည် ။

အနမ်းတွေကိုဖွဲ့သီနေခဲ့ရင်း
ဋီကာ့ရဲ့လက်ဖဝါးနုနုလေးတဖက်က
သူ့လက်တွေပေါ်အုပ်ကိုင်လာတော့မှ ရပ်တန့်လိုက်မိသည်။

" ကိုကို, .."

" အင်း, .."

သူနဲ့မျက်နှာချင်းဆိုင်လှည့်လာသည့်ဋီကာ့ကို
အသာအယာထွေးဖက်ရင်း စောင်ကိုရင်ဘတ်လုံအောင်
ဆွဲခြုံပေးရင်း မျက်နှာလေးကိုငုံ့ကြည့်ကာ တဖွဖွနမ်းမိသည်။

ပန်းပျိုးလက် 🌱Where stories live. Discover now