🌱
" အူအတက်ရောင်တာကိုကို ခွဲလိုက်ရတယ်, .."
" ဟုတ်လား ..
ဘာလိုအပ်သေးလဲဋီကာ ကိုကိုဘာကူညီပေးရမလဲ "" ဘာမှမလိုအပ်ဘူးကိုကို အားလုံးအဆင်ပြေတယ်, .."
ဆေးရုံကုတင်ထက်မှာ လဲလျောင်းနေသည့်
နော်စေးရဲ့မျက်နှာလေးကိုကြည့်ပြီး စိတ်မကောင်းပေမယ့်
အချိန်မှီခွဲစိပ်လိုက်တာမို့ စိတ်ချရတဲ့အခြေအနေဖြစ်သွားသည်။ဆေးအရှိန်နဲ့မှိန်းနေသည့်နော်စေးကြောင့်
ကော့ဒါနဲ့ထားခဲ့ပြီး အခန်းအပြင်ကိုထွက်လာခဲ့သည် ။ကော့ဒါကတော့ မှန်ချပ်တွေမှတဆင့်
ဋီကာရှိရာကိုလှမ်းကြည့်နေတာကိုတွေ့နေရသည် ။ကော့ဒါတို့နော်စေးတို့က
ကိုကိုနဲ့သိပ်မရင်းနှီးကြပေမယ့်
လင်းနဲ့တော့ ကိုကိုထပ်ပိုပြီးရင်းနှီးကြသည် ။လင်းက ဋီကာပတ်သက်သည့်သူတိုင်းနဲ့
အလိုက်သင့်လိုက်လျောပေါင်းသင်းနိုင်ပေမယ့်
ကိုကိုကတော့ လင်းအတွက်ချွင်းချက်ဖြစ်နေခဲ့သည် ။ကိုကို့ကိုဆိုလျှင်
လင်းသည် ဘယ်တုန်းကမှ အကောင်းမမြင်ခဲ့ပေ ။" ဋီကာရော အဆင်ပြေရဲ့လား
အခုဆေးရုံမှာဘဲလား အိမ်ပြန်ဖြစ်သေးလား
ဒါမှမဟုတ် ကိုကို့ဆီပြန်လာမလား ကိုကိုလာကြိုမယ်လေ "" ဆေးရုံမှာဘဲကိုကို အိမ်တော့မပြန်ရသေးဘူး
ကိုကို့ဆီကိုတော့ ဋီကာမလာတော့ဘူးလေ နော်,
လင်းလည်း ခဏနေရင် ဆေးရုံကိုလာမယ်လို့ပြောတယ်.."" လင်းမြတ်က ဆေးရုံပြန်ဆင်းနေပြီလားဋီကာ, .."
" ဟုတ် ဒီနေ့စဆင်းမှာကိုကို "
" အင်း ဋီကာလေး အခု ဘာစားပြီးပြီလဲ, .."
" ကော့ဒါဝယ်ကျွေးလို့ ခေါက်ဆွဲကြော်စားထားတယ်
ကိုကိုစိတ်မပူနဲ့နော် ဋီကာအားလုံးအဆင်ပြေပါတယ် .."ကိုကို့ကို အဆင်ပြေတဲ့အကြောင်း
အကြိမ်အကြိမ်အထပ်ထပ်ပြောပြီး ဖုန်းချလိုက်ရသည် ။အသေးစိပ်ဂရုစိုက်တတ်လွန်းသည့်ကိုကိုက
ဋီကာအဆင်မပြေဖြစ်မှာကို စိုးရိမ်လွန်းနေသည် ။
YOU ARE READING
ပန်းပျိုးလက် 🌱