Part 28

11.9K 161 12
                                    

🌱

ဒီညကို ကိုကိုနဲ့ဖြတ်သန်းဖို့ဆုံးဖြတ်ထားသည်မို့
ကိုကိုထိတွေ့နိုင်သည့်နေရာတိုင်းကို ဂရုတစိုက်နဲ့
သန့်ရှင်းသပ်ရပ်အောင် ကြိုးစားပြင်ဆင်နေမိသည် ။

ပထမအကြိမ်တုန်းက
ကိုကိုက မူးနေသလို ဋီကာကဘဲ
ဦးဆောင်လိုက်တာမို့ ကိုကိုဘာမှသိမှာမဟုတ်ပေမယ့်
ဒီတခါမှာ ကိုကိုကိုယ်တိုင် တောင်းဆိုလာသည်ကြောင့်
ပထမတခါထက်ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားနေမိသည် ။

ရေချိုးပြီးသည်နှင့်
ခန္ဓာကိုယ်ကို ဘသတ်နုနုနဲ့ ရေစင်အောင်သုတ်ကာ
ကိုကို့ကိုယ်လိမ်းခရင်ကိုဘဲ အလွယ်ယူလိမ်းလိုက်ပြီး
အပိုထည့်ယူလာသည့် ဂါဝန်အင်္ကျီလေးကိုဝတ်လိုက်သည် ။

ဘရာမဝတ်တော့ဖို့စဥ်းစားထားပေမယ့်
အောက်ထပ်ပြန်ဆင်းရင် ကြီးကြီးမိုးနဲ့တွေ့မှာမို့
လူကြီးရှေ့မှာ မရိုမသေဖြစ်မှာကိုလည်းစိုးမိသည် ။

လက်ပြတ်လေးဖြစ်သည့်အားလျော်စွာ
ရေချိုးပြီးစမို့ အေးလည်းအေးနေတာကြောင့်
ကိုကို့အင်္ကျီလက်ရှည် အဖြူတထည်ကိုယူကာ
အပေါ်မှထပ်ဝတ်ပြီး အောက်ထပ်ဆင်းလာခဲ့သည် ။

ထမင်းဝိုင်းမှာတော့ ကြီးကြီးမိုးကိုမတွေ့ရပဲ
ကိုကိုတယောက်ထဲထိုင်နေတာမို့ ဧည့်ခန်းထဲကို
ကြီးကြီးမိုးများရှိနေမလားဆိုပြီး သွားကြည့်မိသေးသည်။

" ဘာရှာနေတာလဲဋီကာ .."

" ကြီးကြီးလေ "

" ကြီးကြီးက အိပ်သွားပြီဋီကာရဲ့ .."

" ဟင် .. အစောကြီးရှိသေးတာကို "

ဋီကာက ပြောပြောဆိုဆိုနဲ့
ကိုကို့လက်မှာပတ်ထားသည့်နာရီကို
ဆွဲယူကြည့်လိုက်တော့ ရှစ်နာရီစွန်းစွန်းဘဲရှိသေးသည်။

တကယ်တော့ ကြီးကြီးမိုးက
သူတို့ကိုလွတ်လွတ်လပ်လပ်စကားပြောဖို့
ရှောင်ပေးခြင်းဘဲဖြစ်ပါလိမ့်မည် ။

" အင်း လူကြီးဆိုတော့ စောစောအိပ်တာပေါ့ "

ကိုကိုက ထိုမျှသာပြောပြီး
ထမင်းအုပ်စောင်းကို ဆွဲဖွင့်လိုက်လေသည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now