🌱
" ဋီကာ ကိုကို့ကိုချစ်တယ် "
" ............... "
" မောင်နှမလိုမဟုတ်ဘူး
ချစ်သူတယောက်လို ယောင်္ကျားတယောက်လိုချစ်တာ "" ဘာတွေပြောနေတာလဲဋီကာ
ဘာဖြစ်နေတာလဲ ဘာတွေလုပ်နေတာလဲ ဟမ်
ကိုယ့်ကိုယ်ကိုအသိစိတ်လေးလည်း ဝင်စမ်းဦးဋီကာရယ် .."" ဟင့် ကိုကို့ကိုချစ်တယ်
ဋီကာ .. ဋီကာ ကိုကိုနဲ့မဝေးချင်ဘူး .."သူ့ခါးကိုတင်းနေအောင်ဖက်ထားပြီး
ဋီကာလေးက သူ့ရင်ဘတ်မှာမျက်နှာကပ်ကာ ငိုနေသည်။ဋီကာလေးသည်လည်း သူ့ကိုချစ်နေသည်တဲ့ ။
ဒါဟာ လွတ်လပ်သူတွေဆိုလျှင်
ဘယ်လောက်ပျော်စရာကောင်းလိမ့်မည်လဲ ။ကိုယ်တိတ်တိတ်လေးချစ်နေရသည့်သူက
ကိုယ့်ကိုချစ်နေသည်ဟု သိခွင့်ရလိုက်ချိန် .. ။အဲ့ဒီအချိန်ဟာ ဘဝမှာ
ထပ်တူအကျဆုံး အခိုက်အတန့်ဘဲမဟုတ်ပါလား ။ဒါပေမယ့်ပေါ့ဋီကာရယ် ။
" ဋီကာ ညီမလေး "
" မခေါ်နဲ့ မခေါ်ပါနဲ့ကိုကိုရယ်
ဋီကာက ကိုကို့ညီမလေးမဖြစ်ချင်ဘူး
ကိုကိုသိလား ဋီကာကိုကို့ကိုချစ်နေခဲ့တာ
အဲ့ဒါအခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းက
ကိုကိုသိလား ကိုကိုမသိဘူးမို့လား ဟင့် ကိုကိုမသိပါဘူး
ဋီကာ့မှာ ကိုကိုတယောက်ထဲရှိတာ ကိုကို့ကိုဘဲချစ်တာ "" ဋီကာ .."
" ဟင့် အင့် ချစ်တယ်လို့ ဟင့်
ဋီကာကိုကို့ကိုချစ်တယ် လင်းနဲ့လက်မထပ်နိုင်ဘူး..."တအင့်အင့်ရှိုက်ငိုကာ
ရင်ခွင်ထဲတိုးဝင်နေသည့်ဋီကာလေးကိုဖက်ကာ
လူသစ်နေလည်း တုန်လှုပ်ချောက်ခြားနေခဲ့လေသည် ။" ကိုကိုလဲ ဋီကာ့ကိုချစ်တယ်မဟုတ်လားဟင်
ဋီကာ့ကို ကိုကိုလဲချစ်တယ်မို့လား ပြောပါဦးကိုကိုရဲ့ "" ............... "
သူ့ရင်ဘတ်ကို လက်ဖဝါးလေးဖြင့် ခပ်ဖွဖွပုတ်ကာ
ကလေးလေးတယောက်လို ဂျီတိုက်နေလေသည် ။
VOCÊ ESTÁ LENDO
ပန်းပျိုးလက် 🌱