Part 41

5.7K 178 9
                                    

                          🌱

" ကိုကို .."

" ဟင် .."

" အိပ်နေတာလား .."

ခုံကိုကျောမှီပြီး မျက်လုံးတွေကိုမှိတ်ထားကာ
ငြိမ်သက်နေသည့်သူ့ကို အိပ်နေတယ်အထင်နဲ့
ပုခုံးလေးကိုဖွဖွကိုင်ပြီးမေးလာသည့်ဋီကာလေးကြောင့်
မျက်လုံးတွေကိုဖွင့်ကြည့်ပြီး ခုံမှာမတ်မတ်ထိုင်လိုက်ရသည်။

" မအိပ်ပါဘူးဋီကာရဲ့ ဘာဖြစ်လို့လဲ
ကိုကို့ကိုဘာပြောချင်လို့လဲ ပြောလေ .."

သူ့ဘေးနားမှာရှိနေသည့်ဋီကာလေးကတော့
သူ့ပုခုံးပေါ်မှာတင်ထားသည့်လက်တွေကို မဖယ်သေးဘဲ
လေယာဥ်ပြတင်းမှအပြင်ဘက်ဆီကို မက်မက်မောမောနဲ့ငေးနေလေသည် ။

" ကိုကိုကြည့်ပါဦး .. ဟိုဟာ ရေခဲတောင်တွေမို့လား
ဖွေးနေတာဘဲနော်ကိုကို အရမ်းလှတာဘဲ ကြည့်ပါဦးဆို ..."

သူ့လက်မောင်းတွေကိုကိုင်လှုပ်ပြီး
ဝမ်းသာအားရပြောနေသည့်ဋီကာလေးကြောင့်
လူသစ်​နေလည်း ဋီကာလေးရှေ့သို့ သူ့ခန္ဓာကိုယ်ကို
အနည်းငယ်ကိုင်းပြီး အပြင်ဘက်သို့လှမ်းကြည့်လိုက်သည် ။

တကယ်ကိုလှပသည့် ရေခဲတောင်တွေကို
လှမ်းမြင်နေရသည်မို့ ဋီကာလေးလိုဘဲ သူသည်လည်း
ရင်ထဲမှာ လှိုက်ခနဲပျော်သွားမိလေသည် ။

ရေခဲတောင်ဆိုတာ မြင်ချင်တိုင်းမြင်လို့ရတာမဟုတ်ဘဲ
ရာသီဥတုနဲ့ အလျင်းသင့်မှသာ မြင်ခွင့်ရတာမျိုးဖြစ်သည် ။

ဒီအခိုက်အတန့်လေးနဲ့
ဋီကာလေးကိုလည်း ကြုံစေချင်သည်မို့
လေယာဥ်ခရီးကို စီစဥ်ခဲ့ခြင်းဖြစ်သည် ။

ကိုဖေရင်းကတော့
သူနဲ့အတူလိုက်မယ့်ကလေးမလေးက
လေယာဥ်မစီးရဲဘူးဆိုတာကြောင့် ကားနဲ့သွားဖို့သာ
စီစဥ်ခဲ့ရပြီး အခုဆိုရင်တော့ လမ်းမှာဘဲရှိလိမ့်ဦးမည်ထင်သည် ။

၂၁၈မိုင်ကွာဝေးသည့် မြစ်ကြီးနား_ပူတာအိုခရီးကို
ဟိုအရင်ကတော့ လေယာဥ်နဲ့သာ သွားလို့ရပေမယ့်
အခုချိန်မှာ ထိုခရီးကိုကားနဲ့ ၁၂ နာရီတည်းနဲ့ နေ့ချင်း
သွားလာနိုင်ပြီဖြစ်တာမို့ အချိန်နဲ့ပြန်တွက်ကြည့်ရင်လည်း
လေယာဥ်နဲ့သွားရတာက ခရီးပိုတွင်တယ်လို့ ပြောလို့ရသည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now