🌱
" အန်တီအဆင်ပြေခဲ့တယ်
အဆင်ပြေပါတယ်သားရယ် ဒါပေမယ့် .. "စကားကိုမဆက်ပဲ လူသစ်နေရှိရာကို
မှန်းဆကြည့်လာသည့်မျက်ဝန်းတွေထဲမှာတော့
ဝမ်းနည်းထိခိုက်နေသည့်အရိပ်အငွေ့တွေအပြည့်နှင့်မို့
ဒေါ်ခင်တင့်ကိုကြည့်ကာ သူလည်း စိတိမကောင်းဖြစ်ရသည်။တွေးမကြည့်ခဲ့ဖူးသည့်အကြောင်းတရားတွေနှင့်
မိသားစုကို စွန့်ခွာထားရစ်ခဲ့သည့်ဒေါ်ခင်တင့်သည်
အခုချိန်မှာတော့ နောင်တ,ရနေတယ်လို့ မဆိုနိုင်ပေမယ့်
လက်ရှိမိသားစုအပေါ်မှာလည်း တာဝန်ကျေနေပြန်သည် ။" အန်တီအိမ်ကထွက်လာတုန်းက
သမီးရဲ့အဖေကို စိတ်နာ စိတ်ကုန်လို့လေ
သားသမီးမျက်နှာကိုမထောက်လို့လို့ ပြောနိုင်ပေမယ့်
အဲ့ဒီအချိန်က အန်တီလည်း တကယ်ပင်ပန်းခဲ့ရတယ်
တနေ့နဲ့တနေ့ သောက်စားမူးရူးနေတဲ့ယောင်္ကျားကိုလည်း
ဘယ်လိုမှသည်းမခံနိုင်တော့လို့ အကြီးအကျယ်ရန်ဖြစ်ပြီး
အဲ့ဒီနေ့မှာဘဲ အန်တီအိမ်ကနေ ထွက်လာခဲ့တယ် သမီးကို
အန်တီခေါ်သွားဖို့တွေးမိပေမယ့် လျှောက်လမ်းမရှိတဲ့ဘဝမှာ
သမီးကိုလည်း ဒုက္ခမရောက်စေချင်ဘူး အဲ့ဒါကြောင့်မို့လို့
အန်တီတယောက်ထဲထွက်ခဲ့မိတာပါသားရယ် .. ဒါနဲ့လေ
သမီးလေး .. သမီးလေးရောဟင် သားတို့အနားမှာပဲလား
အိမ်ထောင်တွေဘာတွေရော ကျသွားပြီလားဟင် ... "မျှော်လင့်ကြီးစွာမေးနေသည့် အန်တီခင်တင့်ကို
လူသစ်နေမှာ ဘာပြန်ပြောရမှန်းမသိဖြစ်နေသည် ။ဋီကာလေးကတော့ သူ့နဘေးမှာထိုင်ကာ
မျက်လွှာချလျှက် ငြိမ်သက်တိတ်ဆိတ်နေသည် ။ဆုပ်ကိုင်ထားသည့်လက်ဖဝါးလေးမှာ
အေးစက်နေတာကိုလည်း သတိထားမိသည် ။သူ့ထံမှ ဘာစကားမှထွက်မလာတော့ အန်တီခင်တင့်က
သက်ပြင်းချရင်း စကားကိုဆက်ပြောပြန်သည် ။" အန်တီအိမ်ကထွက်လာပြီးတော့
နေရာပေါင်းစုံမှာ အခက်အခဲပေါင်းစုံကြုံခဲ့ရတယ်
ငယ်ကလည်းငယ် ဒေါသကလည်းရှိနေတုန်းဆိုတော့
အိမ်ပြန်ဖို့ကိုခြေဦးမတည်မိတော့ဘူး ရှေ့ဆက်လှမ်းရင်းနဲ့
ပြောပြလို့မဝံ့တဲ့ အခက်အခဲတွေနဲ့လည်း ကြုံခဲ့ရတယ်
အဲ့ဒီနောက်မှာတော့ အဆိုင်းလေးရဲ့အဖေနဲ့ ရေစက်ဆုံခဲ့တယ် ... "
YOU ARE READING
ပန်းပျိုးလက် 🌱