🌱
ဆေးရုံဝန်းထဲကိုခြေချလိုက်သည်နှင့်
လူသစ်နေရဲ့စိတ်တွေ လေးလံထိုင်းမှိုင်းလို့နေသည် ။လင်းမြတ်ရဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်ရသလို
သူနဲ့ဋီကာလေးတို့ရဲ့ အဖြစ်အပျက်တွေကြောင့်မို့လည်း
စိတ်ထဲမှာ မလုံမလဲနဲ့ အပြစ်ရှိသလိုခံစားနေရသည် ..။တကယ်ကို ခွင့်မလွှတ်နိုင်တဲ့ ရွံရှာစရာလုပ်ရပ်တွေပါဘဲ ။
မင်းက စွဲဆောင်ခဲ့တယ်ဆိုရင်တောင်
ရုန်းမထွက်နိုင်ခဲ့တဲ့ ကိုကို့ရဲ့အပြစ်တွေပါဘဲဋီကာရယ် ။" လူနာလင်းမြတ်ရဲ့ အခန်းလေးသိပါရစေ .."
နာ့စ်လေးတယောက်ကိုမေးလိုက်သည်နှင့်
လူသစ်နေကို အခန်းရှေ့အထိ လိုက်ပို့ပေးလေသည် ။ဒီဆေးရုံမှာတာဝန်ကျနေသည့်ဆရာဝန်က
ဒီဆေးရုံမှာဘဲ လူနာအဖြစ် ပြန်ရှိနေတာကတော့
အဲ့ဒီဆရာဝန်ရဲ့ အမှတ်တရတခုပေဘဲပေါ့ ... ။" ဋီကာ .."
အခန်းထဲကိုဝင်လိုက်သည်နှင့် ကုတင်ထက်မှာ
ဆေးပိုက်တွေနဲ့လဲလျောင်းနေသည့် လင်းမြတ်ရဲ့နဘေးမှာ
သူ့ရဲ့ဋီကာလေးကို တွေတွေလေးထိုင်နေတာတွေ့လိုက်ရ၏ ။ပြတင်းပေါက်ဖက်ကို ငေးနေပုံရကာ
ကျောပြင်လေးကိုသာ မြင်နေရပေမယ့်လည်း
ဒီကလေးလေး ဝမ်းနည်းနေမယ်ဆိုတာခန့်မှန်းမိပါသည်။သူ့ခေါ်သံတိုးတိုးကိုကြားသွားသည့်ဋီကာလေးက
သူရှိရာကို ဖျတ်ခနဲလှည့်ကြည့်လာပြီး မျက်နှာလေးမှာ
အံ့သြရိပ်နှင့်အတူ ရှက်ရိပ်လေးကိုပါ မြင်လိုက်ရသည်ထင်၏ ။" ကိုကို .."
တိုးဖွဖွတုန့်ပြန်သံလေးနှင့်အတူ
မတ်တပ်လေးရပ်လာသည့်ဋီကာလေးက
မျက်နှာလေးကိုငုံ့ကာ အကြည့်တွေလွှဲသွားလေသည် ။ဒီနေရာဟာ ဆေးရုံဖြစ်ပြီး
လူနာတယောက်လုံးရှိနေသည်မို့
ကိုယ့်ခံစားချက်ကို ရှေ့တန်းတင်လို့မရသလို
အခြေအနေနဲ့ အချိန်အခါကိုလည်း ထည့်တွက်ရသေးသည်။" ဋီကာ အဆင်ပြေရဲ့လား
လင်းမြတ်ရဲ့အခြေအနေကရော ဘာတဲ့လဲ .."
ESTÁS LEYENDO
ပန်းပျိုးလက် 🌱