🌱
အဲ့ဒီနေ့ရက်တွေကတော့ ပုံမှန်ရက်တွေလိုပါဘဲ ။
သူလည်း သူ့အလုပ်နှင့်သူ
အချိန်အားလပ်သည်ရယ်လို့မရှိရသလို
ဋီကာလေးသည်လည်း ကျောင်းတက်ဖို့အတွက်
ပြင်ဆင်နေတဲ့အချိန်ဘဲ ဖြစ်လေသည် .. ။အောင်စာရင်းတွေထွက်လာတော့
ဆေးမှတ်မှီတာကြောင့်မို့ သူ့မှာဝမ်းသာရသေးသည် ။ဋီကာလေး ဆရာဝန်ဖြစ်တော့မယ်ဆိုတော့
သူ့ပျော်ရွှင်မှုက နှိုင်းပြလို့မရအောင်ဖြစ်ရသည် ။အိမ်နီးချင်းတွေကိုဖိတ်ပြီး
အစားအသောက်တွေကျွေးကာ
ဋီကာလေးအတွက်ဂုဏ်ပြုပေးခဲ့သည် ။သူငယ်ချင်းတွေကိုလည်း
ဖိတ်ကျွေးချင်သည်ဟု ဆိုလာတာကြောင့်
ဋီကာလေးစိတ်တိုင်းကျဖြစ်ဖို့ရာ Bar တခုမှာ
လေးယောက်စာfamilyset နှစ်ဆက်မှာပြီးစားခဲ့ကြသည်။သူ့ရဲ့ဋီကာလေးကတော့
ပျော်လို့မဆုံး ရှိနေရှာတော့သည် ။သို့သော် အဲ့ဒီနေ့က အဖြစ်အပျက်ကိုတော့ဖြင့်
လူသစ်နေမှာ ယခုထိတိုင် မှတ်မိနေဆဲဖြစ်လေသည် ။ဋီကာ့ရဲ့သူငယ်ချင်းတွေကိုချိန်းပြီး
သူနှင့်ဋီလေးတို့ အိမ်မှထွက်မယ့်အချိန်က
ညနေ လေးနာရီထိုးခါနီးအချိန်ဘဲဖြစ်သည် ။" ကိုကို.. "
" အင်း ပြောလေဋီကာ .."
လူသစ်နေအခန်းထဲမှာရှိနေစဥ်
အနားကိုရောက်လာသည့်ဋီကာလေးကြောင့်
ဝတ်နေဆဲနာရီကိုတချက်ကြည့်လိုက်သည် ။သူ၏ဋီကာလေးကတော့
သွားရ၊စားရတော့မှာမို့ ပျော်နေရှာသည် ။" ဋီကာ ဘာဝတ်သွားရမလဲဟင်ကိုကို .."
" ဝတ်စရာမရှိရင်လဲ ကိုကို့ပုဆိုးခြုံလာခဲ့လေ အဟွန်း "
" ကိုကိုနော် ဋီကာက အတည်မေးနေတဲ့ဥစ္စာ "
" ဟုတ်တယ်လေ
ဋီကာ့ရဲ့ဗီရိုထဲမှာလည်း အင်္ကျီတွေချည်းဘဲ
အဲ့ဒါကို အခုဝတ်စရာမရှိဘူးဆိုတော့ ကဲ "အမှန်တကယ်လည်း ဤသို့ပင်ဖြစ်နေသည် ။
ဋီကာလေးအရွယ်ရောက်လာပြီဆိုကတည်းက
မိန်းကလေးတယောက် လိုအပ်မယ်ထင်သည့်ပစ္စည်းတွေနဲ့
အသုံးအဆောင်အားလုံးကို ဗီရိုနဲ့အပြည့် ဖြည့်တင်းပေးခဲ့သည်။
YOU ARE READING
ပန်းပျိုးလက် 🌱