🌱
" ကိုကိုက ဋီကာ့ကိုချစ်နေတာတဲ့ .."
" ဘာ .."
" လင်းက ပြောတယ် .. ကိုကိုက ဋီကာ့ကို "
" တော်တော့ဋီကာ .."
" ............... "
အထိတ်တလန့် ပိတ်ပင်တားဆီးလိုက်မိသည့်အသံက
အခန်းအတွင်းမှာ ခပ်ကြိတ်ကြိတ်ပဲထွက်ပေါ်လာသည် ။ဋီကာ့မျက်နှာ ဘယ်လိုရှိမယ်မှန်းမသိနိုင်အောင်
လူသစ်နေ၏မျက်နှာမှာ အပူငွေ့တို့ လွှမ်းခြုံနေသည် ။ဖုံးကွယ်ထားတာတွေကို တူးဖော်ခံလိုက်သူလိုမျိုး
အခုချိန်မှာ လူသစ်နေ၏စိတ်တွေသည် တည်ငြိမ်မှုမဲ့နေ၏။လှုပ်ရှားလွန်းနေသည့်စိတ်အစဥ်ကို
အံကိုတင်းတင်းကြိတ်ကာ ထိန်းနေရသလို
အစွန်းဆုံထိ ငြင်းပယ်သွားဖို့ကိုလည်း သူ့ဦးနှောက်က
သူ့ကို အရှိန်ပြင်းပြင်းနှင့် အချက်ပေးနေခဲ့လေသည် ။ဒီနေရာမှာ သူ့ကိုညှင်းပမ်းနှိပ်စက်ပြီး
မေးမယ်ဆိုလျှင်လည်း အဖြေသည် ပြောင်းလဲစရာမရှိ ။သတ္တိမရှိဘူးလို့ပဲဆိုဆို သူ့ဘဝမှာ
တဇွတ်ထိုးလုပ်ပြစ်ဖို့အခွင့်အရေးဆိုတာ
ဘယ်တုန်းကမှ မရှိခဲ့သလို သူကိုယ်တိုင်သည်လည်း
ကိုယ့်စိတ်ခံစားချက်ထက် ကိုယ်ချစ်ရတဲ့မိန်းကလေးကို
ပိုပြီးတွေးပေးတတ်သူမို့ လူသစ်နေဆိုတဲ့ သူ့အတွက်တော့
အချစ်ဆိုတာ လျှို့ဝှက်ချက်တခုရယ်ပါပဲ ။တသက်လုံး လျှို့ဝှက်သိမ်းဆည်းသွားရမယ့် အရာ ။
ထာဝရမြှုပ်နှံသွားရမည့်
သူ့ဘဝ,ရဲ့ မျှော်လင့်ချက်အိပ်မက် ။" လင်းပြောတာ တကယ်မဟုတ်ဘူးမို့လားဟင် "
" ကြံကြံဖန်ဖန်ဋီကာရယ်
ကိုကိုဋီကာလေးကိုချစ်တယ်ဆိုတာက .. "" ညီမလေးလို .. ကိုကို့ရဲ့ညီမလေးလိုမို့လား .. "
" .............. "
" အဲ့ဒီလိုမဟုတ်လားဟင် "
သူ့စကားကို ဝင်ထောက်လိုက်သည့်ဋီကာလေးကြောင့်
လူသစ်နေမှာ အတန်ကြာသည်အထိ တိတ်ဆိတ်သွားမိသည်။
YOU ARE READING
ပန်းပျိုးလက် 🌱