🌱
" ဋီကာပြန်တော့မယ်ကိုကို .."
" အင်း .. ကိုကိုလိုက်ပို့မယ် .."
" ဟင့်အင်း မပို့နဲ့ကိုကို
ဋီကာ ကိုယ့်ဖာသာပြန်လိုက်မယ် "အင်္ကျီကို လက်စ,သတ်ဝတ်ဆင်ကာ
ဆံပင်လေးတွေကို ဘီးနှင့်တချက်နှစ်ချက်ဖီးသင်ပြီး
ပြန်ဖို့အတွက်ပြင်ဆင်နေသည့် သူ၏ဋီကာလေးကတော့
သူလိုက်ပို့မယ်ဆိုတာကို လက်မခံဘဲ ငြင်းဆန်လေသည် ။" ဆေးရုံကိုပြန်မှာမို့လား .."
" ဟုတ်တယ်ကိုကို
ဒီနေ့ လင်း,ဆေးရုံကဆင်းရမှာလေ ..."အိတ်လေးကိုပုခုံးမှာလွယ်ကာ
ဖုန်းကိုလက်ထဲမှာကိုင်ထားသည့်ဋီကာလေးက
ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေသည် ။" ကိုကိုလိုက်ပို့မယ် "
" မပို့ပါနဲ့ဆို "
" ပို့မယ် .."
" ဟာ ကိုကိုနော် .."
ကားသော့ကိုယူကာ
ဋီကာ့ရဲ့လက်လေးကိုဆွဲပြီး
လူသစ်နေသည် အခန်းထဲမှထွက်လာခဲ့လေသည် ။လှေကားတွေကိုဆင်းလာတော့
ဋီကာလေးက သူ့လက်တွင်းမှာဆုပ်ကိုင်ထားသည့်
သူမရဲ့လက်လေးတွေကို ရုန်းနေတာမို့ ပိုပြီးတင်းကြပ်အောင်
ဖိကိုင်ဆုပ်ယူထားလိုက်သည် ။" ကိုကိုနော် .."
" .............. "
" ဟော .. သမီးလေး ပြန်တော့မလို့လား "
လှေကားခြေရင်းမှာ ကြီးကြီးမိုးနဲ့ ဋီကာတို့
မျက်နှာချင်းဆိုင်ဆုံချိန်မှာတော့ ကိုကို့လက်တွင်းမှ
ဋီကာ့ရဲ့လက်လေးကို ဆောင့်ရုန်းလိုက်မိတော့သည် ။ကိုကိုဘယ်လိုနေမလဲမသိပေမယ့်
ဋီကာ့တကိုယ်လုံးမှာတော့ ထူထူပူပူဖြစ်လာရသည် ။" အဲ အဲ့ဒါက .. ဟုတ် ကြီးကြီး .."
" မနက်စာစားသွားဦးလေသမီးရဲ့ "
" ဟို ဟင့်အင်း
ဋီကာမစားတော့ဘူးကြီးကြီး ဋီကာပြန်တော့မှာ "" သား လူသစ်ရော .."
" ကျနော်လည်း မစားတော့ဘူးကြီးကြီး
ဋီကာ့ကိုလိုက်ပို့ရင်းနဲ့ အပြင်မှာဘဲစားလိုက်တော့မယ်"
YOU ARE READING
ပန်းပျိုးလက် 🌱