Part 34

2.9K 103 19
                                    

🌱

" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်... "

" ကျွတ် .. ဖုန်းကိုင်စမ်းပါဋီကာရယ် "

" ................ "

အကြိမ်ကြိမ် အထပ်ထပ်ခေါ်နေပေမယ့်
ကိုင်သူမရှိသည့်ဖုန်းလေးက ဖြေမြဲတိုင်းသာဖြေသည် ။

ဆေးရုံမှာဆိုရင်လည်း
ခွဲခန်းတွေဘာတွေ ဝင်နေရလို့ဆိုပြီး
ဖြေသိမ့်အတွေး တွေးလို့ရပေမယ့်လည်း
အခုက အဆောင်ပြန်ရောက်ရင်ဆက်သွယ်မယ်လို့
နာရီပိုင်း​လေးအတွင်းကမှ ပြောသွားခြင်းဖြစ်သည် ။

စိတ်မချသည်မို့ ပြန်ရောက်နိုင်မည့်အချိန်ကိုမှန်းပြီး
ဖုန်းခေါ်ကြည့်နေပေမယ့် ကိုင်မယ့်သူ,မရှိဘဲဖြစ်နေသည် ။

ဘာတွေလုပ်နေတာလဲဋီကာရယ် ။

ကိုကိုခေါ်တဲ့ ဖုန်းလေးတော့ကိုင်ပါ ။

လင်းမြတ်နဲ့လား ။
ဘယ်သူတွေနဲ့ရှိနေတာလဲ ။

" ................... "

ဒီအချိန်ထိတော့ မွေးနေ့ပွဲမှာ
ရှိမနေလောက်တော့ဘူးဆိုတာ သိပေမယ့်
ဘယ်မှာရှိနေသည်ဆိုတာကိုလဲ လူသစ်နေမှာ မသိရပေ ။

အဆောင်ကိုဘဲပြန်ရောက်လို့ အိပ်နေပြီလား ။

သူ ဆက်သွယ်နေတာကြာပြီမို့
ဒါလည်း မဖြစ်နိုင်ဘူးဆိုတာသိနေပြန်သည် ။

တွေးရင်းဖြင့် ရင်တွေပူလာရသည် ။

လင်းမြတ်နဲ့အတူရှိ​နေသည်ဆိုသည့်အသိက,
သူ့ရင်ကို မီးတစ,လို ပိုပြီး ပူလောင်စေပါသည် ။

" လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ စက်ပိတ်ထား,.."

" ဟာကွာ, .. တောက်! ,,."

စက်ပါပိတ်သွားတာမို့
ထိုင်နေလို့မရတော့သည့်လူသစ်နေမှာ
အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း
အောက်ထပ်သို့ ဆင်းလာခဲ့မိလေသည် ။

ဆယ့်နှစ်နာရီကျော်ခဲ့ပြီမို့
ကြီးကြီးမိုးနှင့်သူသာရှိသည့် အိမ်ကြီးထဲမှာ
အပ်ကျသံပင်မကြားရဘဲ တိတ်ဆိတ်နေသည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now