🌱
" ဋီကာ မေမေနဲ့ပြန်လိုက်သွားတော့မယ်ကိုကို .."
" ဟင် .. ဋီကာ .. ဋီကာ ဘာပြောလိုက်တယ် .."
" ဋီကာ မေမေနဲ့နေချင်တယ်
မေမေနဲ့ဘဲ ပြန်လိုက်သွားတော့မယ် .."" နေ နေပါဦးဋီကာရယ်
ကိုကို့ကို ထားခဲ့တော့မလို့လား မဟုတ်သေးဘူးလေ .."" ဋီကာ ကိုကိုနဲ့မနေချင်တော့ဘူး
မေမေနဲ့ကလည်း အခုမှပြန်တွေ့ရတာလေ
ဋီကာ မေမေနဲ့ဘဲလိုက်သွားတော့မယ် "လုံးဝမျှော်လင့်မထားတဲ့စကားတွေပါပဲ ။
ဋီကာလေးထံက ဒီလိုစကားမျိုးတွေကြားရလိမ့်မယ်လို့
ဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့
သူ့ကိုကျောခိုင်းကာ သူနဲ့အဝေးကိုထွက်သွားတော့မယ်တဲ့ ။ဒါ ဘယ်လိုအဖြစ်အပျက်တွေများလဲဋီကာရယ် ။
" ဟင့်အင်း ကိုကိုခွင့်မပြုဘူး
ဋီကာပဲ ပြောခဲ့တယ်မဟုတ်လား
ကိုကိုနဲ့ပဲတသက်လုံးနေမှာဆို ကိုကို့ကိုချစ်တယ်ဆို "သူ့မျက်စိရှေ့မှာမြင်နေရတဲ့ပုခုံးကျဥ်းလေးကို
လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းလေးဆွဲယူလိုက်ပြီး
စူးရင့်တောက်ပ,နေသည့်မျက်ဝန်းလေးတွေထဲကို
အံ့သြမယုံကြည်နိုင်ခြင်းများစွာဖြင့် ကြည့်လိုက်မိသည် ။" အဲ့ဒါအရင်ကပြောတာ အခုမဟုတ်ဘူး
ကိုကိုက ဋီကာပျော်နေတာကိုမမြင်ချင်လို့လား
အခုဋီကာ့မှာ အဆိုင်းလည်းရှိနေပြီလေ ကိုကိုသိတယ်မလား
အဆိုင်းက ဋီကာ့ညီမလေးဆိုတာကို ကိုကိုသိနေခဲ့တယ်မို့လား
ကိုကိုသိနေလျှက်နဲ့ ဋီကာ့ကိုမပြောဘဲ ဖုံးကွယ်ထားတာလေ "" မဟုတ်ဘူးဋီကာ "
" ကိုကိုက အရမ်းမုန်းဖို့ကောင်းတယ်
ဋီကာ့ကို တကောင်ကြွက်ဖြစ်အောင်ဖန်တီးတယ် "" ဋီကာ "
" ကိုကိုက ကိုကို့တကိုယ်ရည်စာပဲကြည့်တယ်
ဋီကာ့ဘက်ကို နည်းနည်းလေးမှထည့်မတွေးပေးဘူး
မုန်းတယ်သိလား ကိုကို့ကို ဋီကာ အရမ်းမုန်းတယ် .. "
YOU ARE READING
ပန်းပျိုးလက် 🌱