🌱
" ဋီကာ ဒီအရောင်လေးကြိုက်လား
ကိုယ်က အဲ့ဒီထက် နည်းနည်းဖြူတာလေးယူမလားလို့ "" လင်းသဘောလေ .."
" ကိုယ့်သဘောချည်း မလုပ်ပါနဲ့
ဋီကာကြိုက်တာလဲရွေးဦးပေါ့ လာပါကွာ .. "လင်း,ဆွဲခေါ်သည့်နောက်သို့ ဋီကာသည်
စိတ်လက်မကြည်မသာနှင့် လိုက်ပါလာရသည် ။preweddingအတွက် ဝတ်စုံလာရွေးကြသည့်
နှစ်ဦးသဘောတူ ချစ်သူနှစ်ဦးတို့၏ လက်ရှိအခြေအနေသည်
ပျော်ရွှင်ခြင်းတဝက် နာကျင်ခြင်းတဝက်နှင့်ပါပဲ ။လင်း,ပျော်နေတာကိုကြည့်ရင်း
ဋီကာ့ရင်ထဲမှာ လှိုက်ကာလှိုက်ကာဝမ်းနည်းလာသည် ။ဆုံးဖြတ်ချက်တွေ မပြင်ချင်သလို
လက်ရှိအချိန်တွေကိုလည်း မေ့ပြစ်ချင်ပြန်သည် ။လွန်ဆွဲနေသည့်စိတ်အစဥ်သည် ယိမ်းထိုးလျှက် ။
အေးစိမ့်မွှေးပျံ့သည့်အခန်းကြီးထဲမှာပင်
ဋီကာ့ရဲ့စိတ်တွေ ရှုပ်ထွေးနောက်ကျိနေသည် ။" ဒီကာလာလေးမဆိုးဘူးဋီကာ
နို့ခဲရောင်ဆိုတော့ အရမ်းကြီးလဲမဖြူတော့ဘူး "လင်းက dress လှလှတထည်ရဲ့ရှေ့မှာရပ်ကာ
ဋီကာ့ကိုကြည့်ပြီး စိတ်ကူးနဲ့နှိုင်းယှဥ်နေပုံရသည် ။ခဏအကြာမှာတော့ လင်းရဲ့ရွေးချယ်မှုဖြင့်
ဋီကာ့ကိုယ်ပေါ်မှာ dressတထည်က နေရာယူလာသည်။" သတို့သမီးလေးက လှလိုက်တာ
အကိုလည်းဝတ်ကြည့်ပါဦး အရမ်းလိုက်မှာ "ရွေအိုရောင်ဆံပင်ပုခုံးအတိလေးနှင့်
ရင်ပြတ်ဂါဝန်ရဲ့ပံ့ပိုးပေးမှုတို့နှင့်အတူ ဋီကာသည်
ဖယောင်းပွင့်လေးလို ဖြူလွလှပလို့နေလေသည် ။လင်းသည်လည်း ဋီကာ့လို ကာလာတူဖြစ်ကာ
နက်ကတိုင်ကိုတော့ ခဲရောင်လေးကိုရွေးထားသည် ။အနည်းငယ်ပြင်ဆင်လိုက်သည်နှင့်
လိုက်ဖက်သည့်စုံတွဲအသွင်ကို မြင်တွေ့ ရသည် ။ဒေါက်တာလင်းမြတ်နဲ့
ဒေါက်တာပန်းရင့်ဋီကာဆိုတဲ့ ဆရာဝန်စုံတွဲနှစ်ဦးဟာ
သိပ်မကြာခင်အချိန်အတွင်းမှာဘဲ စေ့စပ်ကြတော့မည် ။
YOU ARE READING
ပန်းပျိုးလက် 🌱