🌱
" ဒီဆေးလေးနှစ်ပြားသောက်လိုက်နော်
ဘာစားထားသေးလဲ သူ့ကိုဘာကျွေးထားသေးလဲအန်တီ "" ဘာမှမစားဘူးဒေါက်တာ
ကျမလည်း ဘာကျွေးရမှန်းမသိဖြစ်နေတာ "" ဘာမှမစားရသေးဘူးလို့ပြောတာဋီကာ "
ကိုဖေရင်းအမျိုးသမီးရဲ့စကားကို
သေသေချာချာနားမလည်သည့်ဋီကာ့ကို
ကိုကိုက ကြားမှစကားပြန်လုပ်ပေးလေသည် ။ကိုဖေရင်း၏အမျိုးသမီးက
ကချင်လူမျိုးစစ်စစ်ဖြစ်ပြီး ဗမာစကားပြောတတ်ပေမယ့်
ပီသမှုမရှိသည့်အဖြတ်အတောက် အသုံးအနှုန်းတွေကြောင့်
ဋီကာ့မှာ ယောင်တောင်တောင်လေး ဖြစ်နေရသည်။ကိုကိုကတော့ ထိုကဲ့သို့အကွဲအပြားလောက်ကို
ကောင်းကောင်းနားလည်နေသူမို့ အဆင်ပြေနေသည် ။လူနာအတွက်လိုအပ်သည်များကို
အသေးစိပ်ပြောပြရင်း ဆေးတချို့ကိုပေးလိုက်သည် ။ကိုဖေရင်းက သူ့အမျိုးသမီးစကားကို
ဋီကာနားမလည်မှန်းသိတာမို့ သူ့အမျိုးသမီးကိုယ်စား
သူကိုယ်တိုင်ဘဲ ဝင်ရောက်မေးမြန်းပေးလေသည် ။" မနေ့က ဆာဖြယ်တွေအများကြီးစားလိုက်လို့ဖြစ်မယ် "
ဆာဖြယ်ဆိုတာကို ကြားသာကြားဖူးပေမယ့်
အသေအချာမစားဖူးသည့်ဋီကာက ကိုကို့ကိုလှမ်းကြည့်မိသည်။" ဆာဖြယ်ဆိုတာ အသုတ်တမျိုးပဲဋီကာရဲ့
ဆာဖြယ်တို့ ဆာခုံတို့လေ မစားဖူးဘူးမို့လား "" ဟုတ် စားတော့စားဖူးတယ်ကိုကိုရဲ့
ရန်ကုန်မှာတုန်းက ကော့ဒါတခါလုပ်ကျွေးလို့လေ
ဒါပေမယ့် ပါဝင်ပစ္စည်းအပြည့်အစုံမရလို့ စားမကောင်းဘူး "" ဟုတ်တယ်ဋီကာရဲ့
သူက ပစ္စည်းအစုံထည့်မှ စားလို့ကောင်းတာ
ငါးညှီရွက်နဲ့ ကျူးဆိုင်ကတော့ ရန်ကုန်မှာရှားမယ်ထင်တယ် "ကိုဖေရင်းက ဝင်ပြောတော့
ဋီကာက ခေါင်းလေးညိမ့်ပြမိသည် ။ကိုဖေရင်း၏ဇနီးကတော့
ဋီကာတို့ပြောနေသည်များကို
အပြုံးလေးဖြင့်သာ ကြည့်နေလေသည် ။
YOU ARE READING
ပန်းပျိုးလက် 🌱