🌱
" သား လူသစ် မအိပ်သေးဘူးလား .."
အလုပ်ထဲမှာ အာရုံစူးစိုက်မိနေသည့်လူသစ်နေမှာ
ကြီးကြီးမိုးရဲ့ ခေါ်သံကြောင့် မော့ကြည့်လိုက်မိသည် ။
မီးရောင်ရှင်းရှင်းရဲ့အောက်မှာ
ကြီးကြီးမိုးရဲ့ပုံစံက အိပ်မှုံစုံမွှားနှင့်ဖြစ်နေသည် ။
သူ့ကို သားတယောက်လိုစိတ်ပူပေးတတ်သည့်
ကြီးကြီးမိုးရဲ့မေတ္တာတွေက ရင်ကိုနွေးစေပါသည် ။
" အော် ကြီးကြီးမိုး
ကျနော့်ကြောင့် အိပ်ရေးပျက်သွားပြီထင်တယ်
တလက်စ,ထဲမို့လို့ ဧည့်ခန်းထဲမှာဘဲလုပ်နေမိတာ
အိပ်တော့မှာပါကြီးကြီးရဲ့ အခန်းထဲပြောင်းလိုက်မယ်နော် "
" မဟုတ်တာသားရယ် လုပ်စရာရှိရင်လုပ်ပါ
ကြီးကြီးက ဧည့်ခန်းမီး လင်းနေလို့လာကြည့်တာ
သိပ်လည်းဉာဥ့်မနက်စေနဲ့ဦး နှစ်နာရီထိုးတော့မယ် "
" ဟုတ်ကဲ့ပါ ခဏနေရင်အိပ်တော့မှာပါ "
" သား ဘာစားမလဲ ကြီးကြီးဘာလုပ်ပေးရမလဲ "
" မစားတော့ဘူးကြီးကြီး
ခုနကမှ ကော်ဖီတခွက်သောက်ထားတာ "
" ကော်ဖီတွေသိပ်မသောက်နဲ့လို့
သမီးလေးကကြီးကြီးကို သေသေချာချာမှာသွားတာ .."
" မသောက်ပါဘူးကြီးကြီးရဲ့ တခါတလေမှပါ "
" အေးအေး
ကြီးကြီးသွားအိပ်တော့မယ်နော်
သားလည်းအကြာကြီးမနေနဲ့တော့ "
ကြီးကြီးမိုးပြန်ထွက်သွားတာနဲ့
သူလည်းအလုပ်တွေကိုလက်စ,သတ်ဖို့ပြင်ရသည် ။
မပြီးပြတ်နိုင်သေးသည့်အလုပ်တွေကို
ကြိုးစားလုပ်နေရင်းနဲ့ တချို့တွေကိုမေ့ဖို့ကြိုးစားရသည်။
မလွယ်ကူပေမယ့်လည်း
အလုပ်ထဲမှာစိတ်ကိုနှစ်ထားရင်
အာရုံက တနေရာထဲမှာဘဲရှိတာမို့တော်သေးသည်။
မဟုတ်ရင် သူ့စိတ်က တွေးချင်ရာတွေးနေတတ်သည် ။
ထိုအတွေးတွေက
အတိတ်ဆီသို့သာ ပျံသန်းလွင့်မျောလေ့ရှိပြန်သည် ။
ပျော်စရာလေးတွေကိုတွေးမိရင်
သူ့စိတ်သူ့နှလုံးတွေ ကြည်လင်နေတတ်ပြီး
နာကျင်စရာတွေဆီကိုရောက်သွားရင်တော့ဖြင့်
စိတ်ကောလူကော ပင်ပန်းနွမ်းနွယ်ရပြန်သည် ။
STAI LEGGENDO
ပန်းပျိုးလက် 🌱