Part 43

7K 187 9
                                    

                             🌱

" အရင် မဆလ ခေတ်တုန်းက
ဗိုလ်ချုပ်နေဝင်းက ဗိုလ်မှူးချုပ်အောင်ကြီးကို
တိဗက်ရွာဘက်ကို နယ်နှင်ဒဏ်ပေးလိုက်တယ်တဲ့
အောင်ကြီးက တိဗက်ရွာအထိမသွားဘဲ မချမ်းဘော့မှာဘဲ
ရိပ်သာတခုဆောက်ပြီး တိဗက်ရွာနာမည်ပေးခဲ့တာတဲ့လေ
အခု ဒီဂူဘားရိပ်သာပေါ့ ဂူဘားရိပ်သာကမြန်မာပြည်မှာရှိတဲ့
ရိပ်သာတွေထဲမှာတော့ အလှဆုံးရိပ်သာတခုဘဲ .."

" အထက်ကို ဂျင်းပြန်ထည့်တဲ့ခေတ်က
ဟိုအရင်ကတည်းက ရှိခဲ့တာပေါ့နော်ကိုကို .."

" ဋီကာ .."

ကိုဖေရင်းပြောပြသည့် ဂူဘားရိပ်သာရဲ့ရာဇဝင်ကို
ဋီကာလေးက မထီပြုံးလေးနဲ့ ဝင်ရောက်ဝေဖန်လေသည်။

လူသစ်နေမှာ ကိုဖေရင်းကိုအားနာရသည်မို့
ဋီကာလေးကို မသိမသာဟန့်တားလိုက်မိသည် ။

ကိုဖေရင်းက ရဝမ်လူမျိုးဖြစ်ပြီး
အရင်တချိန်က ပြည်သူ့စစ်ဝင်ဖူးသူတယောက်ဖြစ်သည်။

နောက်ပိုင်းမှာ ကျန်းမာရေးမကောင်းတာမို့
စစ်ထဲမှထွက်ခဲ့ပြီး ပူတာအိုမှာဘဲ ဈေးဆိုင်လေးဖွင့်ပြီး
သားသမီးသုံးယောက်နှင့်အတူ နေထိုင်လေသည် ။

ဒီပူတာအိုမှာက ရဝမ်၊လီဆူ ဂျိန်းဖောနဲ့
ခမ္တီးရှမ်းတွေအများဆုံးနေထိုင်​ကြပြီး ရဝမ်နဲ့လီဆူက
နိုင်ငံရေးမှာ ပါဝင်ပတ်သပ်မှုအများဆုံးဖြစ်​လေသည် ။

" အဟွန်း .. ဟုတ်တယ်ဋီကာရဲ့
အထက်ကပေးတဲ့အမိန့်ကို တမျိုးတဖုံလှည့်ပြီး
ကိုယ့်အောက်ခြေကလူကို ပြန်နင်းကြတာ သဘာဝဘဲလေ "

" ကိုယ့်ကိုယ်ကိုကာကွယ်ဖို့အတွက်နဲ့
သဘာဝ,ဆိုတာကိုတော့ ဆွဲမသုံးသင့်ပါဘူး .."

" ဒါနဲ့ကိုဖေရင်း ဒီရိပ်သာက
သစ်တွေနဲ့ဘဲဆောက်ထားတာနော် .."

အထိအခိုက်မခံသည့်ဋီကာလေးကြောင့်
လူသစ်နေကဘဲ စကားလမ်းကြောင်းလွှဲလိုက်ရသည် ။

ကိုဖေရင်းက ဋီကာလေးရဲ့စကားအထေ့ငေါ့လေးတွေကို
လူကြီးပီပီ တည်တည်ငြိမ်ငြိမ်နှင့်ဘဲ တုန့်ပြန်လေသည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now