Part 37

5.8K 160 7
                                    

                         🌱

" ဘယ်လိုဖြစ်တာလဲဋီကာရယ်
ငါတို့မှာ နင့်ကိုစိတ်ပူလိုက်ရတာ
ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်
နင့်အကိုလိုက်လာတယ်မို့လား နင်နဲ့တွေ့လား "

" အင်း တွေ့တယ် .."

" တော်သေးတာပေါ့
ဒါဆို နင့်အကိုနဲ့ပြန်လိုက်သွားတာလား, .."

" အင်း .. ငါ့ကို ကိုကိုလာခေါ်တာ, .."

”ကိုကိုလာခေါ်တာ„ ဆိုသည့်စကားကို
ပြောလိုက်ရချိန်တိုင်း ရင်ထဲမှာနွေးထွေးရပါသည် ။

ကိုကိုရှိနေတယ် ဆိုသည့်အသိက
ဋီကာ့ရဲ့တဘဝ,လုံးကို လုံခြုံသွားစေသည် ။

ကိုကိုဆိုတာ
ဋီကာ့အတွက်တော့ ထိုကဲ့သို့ အဓိပ္ပါယ်ရှိနေခဲ့လေသည် ။

" နင်က ဘယ်ရောက်နေလို့လဲ
နင်က ဒေါက်တာလင်းမြတ်နဲ့အတူတူမဟုတ်ဘူးလား, .."

နော်စေးနဲ့ကော့ဒါက
ဋီကာ့ရဲ့လက်လေးကိုဆွဲကိုင်ကာ
အမှန်တကယ်စိတ်ပူနေကြလေသည် ။

ညကတည်းက ပြန်လာခဲ့မယ်ပြောပြီး
နောက်တနေ့ ညနေစောင်းမှပြန်လာသည့်ဋီကာ့ကို
သူတို့ စိတ်ပူမယ်ဆိုလည်း ပူနိုင်လောက်ပါသည် ။

အဖြစ်မှန်ကိုပြောပြလိုက်တော့
နှစ်ယောက်သား မျက်လုံး​လေး​တွေပြူးကာ
ပါးစပ်အဟောင်းသားနှင့် အံ့သြနေကြလေသည် ။

" ဒေါက်တာလင်းမြတ်ကလေ , နင့်ကို .."

" အင်း, .."

ကော့ဒါက မယုံကြည်နိုင်သည့်မျက်ဝန်းတွေနှင့်
စိတ်ပျက်သလို စိတ်မကောင်းသလိုလည်းကြည့်နေသည် ။

" မထင်ရဘူးနော် ဆရာဝန်တယောက်ဖြစ်ပြီးတော့, .."

နော်စေးကပြောတော့
ကော့ဒါက နှုတ်ခမ်းလေးမဲ့ကာ ခေါင်းကိုရမ်းသည် ။

" ဆရာဝန်ဆိုတာက
အပေါ်ယံဖုံးအုပ်ထားတဲ့ ခြုံရေပါဟာ
လူ့စိတ်ဆိုတာက အပေါ်ယံဂုဏ်ပုဒ်တွေနဲ့
တိုင်းတာလို့မရဘူး ဆရာဝန်ဖြစ်လို့ရယ်
ဆရာမ,ဖြစ်လို့ရယ်ဆိုပြီးတော့ အလုံးစုံ သန့်ရှင်း
စင်ကြယ်နေတာမှမဟုတ်တာ အဲ့ဒီလို လူမျိုးတွေက
တကယ်ယုတ်မာပြီဆိုရင် ပိုပြီးကြောက်ဖို့ကောင်းတယ် .."

ပန်းပျိုးလက် 🌱Where stories live. Discover now