Part 27

4.7K 109 3
                                    

                           🌱

" ဋီကာ .."

" လင်း .. လင်းသတိရလာပြီ .."

" သား .. "

" မောင်လေး .."

လင်းမြတ်က သတိရလာသည်နှင့်
ဋီကာ့နာမည်လေးကိုသာ ရေရွတ်လေသည် ။

အကြည့်တွေကလည်း ဋီကာ့ထံမှာသာရှိနေသည် ။

အမေနဲ့အစ်မက
ဘေးနားမှာခွန်အားဖြစ်ပေးဖို့ ရှိနေကြပေမယ့်
လင်းမြတ်ကတော့ ဋီကာ့လက်ကိုသာ ဆွဲထားသည်။

ထိုအဖြစ်အပျက်တွေကိုတော့
လူသစ်နေ နောက်နားဆီမှ မြင်တွေ့နေရတာမို့
သက်ပြင်းမောကိုသာ ခပ်ဖွဖွချမိတော့သည် ။

တစုံတယောက်အတွက် တစုံတယောက်က
အဆင်သင့်ရှိမနေနိုင်သည့် အခါမျိုးတွေမှာ
ဘယ်လောက်ထိ နာကျင်ခံစားရသလဲဆိုတာကို
လူသစ်နေ ကိုယ်ချင်းစာနိုင်ပါသည် ...။

သူ့ဘဝရဲ့ နာကျင်ချိန်တွေက
ကုန်လွန်ခဲ့ပြီထင်ရပေမယ့် လင်းမြတ်အတွက်တော့
အခုမှ ရောက်ရှိလာတော့မယ်ဆိုတာ သိနိုင်ပါ့မလား ။

ဋီကာရယ် ။

မင်းအတွက် ခက်ခဲမယ်ဆိုတာသိပေမယ့် ..။
ကိုကို့အနေနဲ့ မတရားသဖြင့်လုပ်မိနေတယ်ဆိုပေမယ့် ။

ဒါတွေက ဋီကာလေးကိုသိပ်ချစ်လို့ပါ ။

ကိုကို့ရဲ့ဋီကာလေးကို အဆုံးရှုံးမခံနိုင်တော့လို့ပါ ..။

" .............. "

" သားဆေးရုံကဆင်းရင်တော့
မာမီတို့နဲ့ဘဲ လိုက်နေပါသမီးရယ် နော်
သားကိုပြုစုဖို့အတွက်ခေါ်တာမျိုးမဟုတ်ပါဘူး
သားလေးက သမီးကိုမျက်စိအောက်ကအပျောက်မခံဘူး
အခုချိန်သားရဲ့စိတ်ကို အားဖြည့်ပေးနိုင်တဲ့သူက သမီးဘဲ
သားက သမီးလေးရှိရင် ဆေးတိုက်ရတာလဲ လွယ်တယ်
သမီးမရှိရင် စိတ်တိုစိတ်ကောက်ဖြစ်နေတာသမီးရဲ့ ..."

လင်းရဲ့မာမီပြောတာလည်းမှန်ပါသည် ။

လင်းက သတိရလာပြီးကတည်းက
ဋီကာ့ကိုအပျောက်မခံဘဲ အမြဲမေးနေတတ်သည် ။

စိုးရိမ်သည့်မျက်ဝန်းတွေနဲ့လည်း အမြဲကြည့်တတ်သည် ။

ဋီကာလည်း လူနာတွေကိုအလှည့်ကျကြည့်ရ
အားသည်နှင့် လင်းအနားမှာဘဲ အချိန်ကုန်ရနဲ့
ကိုကို့ဆီတောင် မရောက်ဖြစ်တာကြာသွားသည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now