🌱
" ဋီကာ .."
" ဟင် .. ကိုကို .."
" ဘာလုပ်နေတာလဲဋီကာရယ် အပြင်မှာ အေးကအေးနဲ့ "
" အိပ်မပျော်လို့ခဏထွက်လာတာ "
ဘန်ဂလိုရဲ့ပြတင်းတံခါးဆီမှ
အပြင်ဘက်ကိုငေးနေသည့်ဋီကာလေးက
သူ့အသံကြားမှ ခပ်ဖြည်းဖြည်းချင်း လှည့်လာသည် ။အိပ်မပျော်ဘူးဆိုသည့်မျက်နှာလေးမှာ
အနည်းငယ်နွမ်းလျနေသည်ဟု ထင်လိုက်မိစဥ်ခဏမှာဘဲ
လူသစ်နေ၏လက်အစုံဟာ ဋီကာလေးရဲ့မျက်နှာလေးကို
ကြင်နာယုယစွာဖြင့် အုပ်ကိုင်မော့ယူကြည့်လိုက်လေသည်။" ဘာဖြစ်လို့လဲဋီကာ
ကိုကို့ကိုပြောပါဦး ဋီကာလေးဘာဖြစ်လို့လဲ "" ဟင့်အင်း ဋီကာဘာမှမဖြစ်ဘူး .."
" ကိုကို့ကိုမညာပါနဲ့ဋီကာရယ်
ဒီမျက်နှာလေး ဒီလောက်နွမ်းနေတာကွာ
ကိုကို့ကိုပြောပါ ဋီကာလေးဘာဖြစ်လို့လဲ
ကိုကိုနဲ့နေရတာမပျော်လို့လား ဟုတ်လား "" မဟုတ်ပါဘူးကိုကိုရဲ့ ဋီကာပျော်ပါတယ် "
" ဋီကာ .,."
" .................. "
ကိုကိုထံမှာ အကြင်နာတွေအပြည့်အဝရရှိနေပေမယ့်
အရင်လိုကြည်နူးမှုသပ်သပ်ချည်းဘဲ ခံစားရတာမျိုးမရှိဘဲ
ရင်ထဲမှာ တင်းတင်းကြပ်ကြပ်ကြီးဖြစ်နေရသည် ။ကိုကိုက နွေးနွေးထွေးထွေးပွေ့ဖက်ပေးထားပြီး
ဋီကာ့ရဲ့အပြောင်းအလဲတွေကို သတိထားမိနေတာမို့
အကြည်လင်ဆုံးအပြုံးတခုကို ပြုံးပြလိုက်ရသည် ။" ဋီကာ့ကြောင့် ကိုကိုနိုးသွားတာလား ပြန်အိပ်ရအောင်နော် "
" တကယ်အဆင်ပြေရဲ့လားဋီကာရယ်
ကိုကို့ကို အကုန်ပြောပြလို့ရတယ်လေကွာ
ဋီကာလေးမှာ ဘာကိစ္စရှိလို့လဲ လင်းမြတ်ဆက်သွယ်လို့လား "သူတကယ်စိတ်ပူမိတာက ထိုကိစ္စဘဲဖြစ်သည် ။
" မဟုတ်ပါဘူးကိုကိုရဲ့
ဋီကာက ဖုန်းပြောင်းထားတာလေ
အခုဖုန်းကို ကော့ဒါတို့ဘဲသိတာ ဘယ်သူမှမသိဘူး "
YOU ARE READING
ပန်းပျိုးလက် 🌱