Part 48

3.5K 96 6
                                    

                          🌱

ပူတာအိုရဲ့ မနက်ခင်းကတော့
ဆောင်းရာသီအဦးရဲ့ထုံးစံအတိုင်းပါပဲ ။
မြူနှင်းများနဲ့ ပိတ်ပိန်းထူထပ်ကာ အေးစိမ့်နေသည်။

ဋီကာလေးနဲ့အတူ ဟိုတယ်မှ စက်ဘီးတယောက်တစီးဖြင့်
ထွက်ခဲ့ကြပြီး ဈေးသို့ရောက်ချိန်မှာတော့ ပူတာအိုဈေးသည်
လူစည်ကားလျှက်ရှိလေသည် ။

လူသွားလူလာတွေနှင့်မို့
စက်ဘီးကိုတွန်းပြီး လမ်းလျှောက်ကြစဥ်
ဈေးသည်များက အပြိုင်အဆိုင်ဈေးခေါ်နေကြသည် ။

" အကို ဝယ်သွားပါဦး အသီးတွေလတ်ဆတ်တယ်နော "

" ဘုရင်သီးလေအကို အားပေးပါဦး "

" ဆတ်သားစစ်စစ်တွေလည်းရတယ်နော်အကို "

" .................."

ဈေးသည်တွေ၏ ဈေးခေါ်သံတို့နှင့်အတူ
လူသစ်နေသည်လည်း အပြုံးဖြင့်သာတုန့်ပြန်မိသည် ။

အနွေးထည်အိပ်ကပ်အတွင်းကို
လက်တဖက်ထိုးထည့်ကာ အနွေးဓာတ်ကိုရယူနေသော်ငြား
အေးစိမ့်လို့သာနေသည်။

တိုက်ခတ်လာသော နှင်းဆမ်းသည့်လေနုအေးတို့သည်
နှာသီးဖျားဝဆီမှာ ခပ်စိမ့်စိမ့်လေး ကျီဆယ်နေလေသည် ။

အနွေးထည်အင်္ကျီနှင့်ဆက်လျှက်ပါသည့်ခေါင်းစွပ်ကိုသာ 
တထပ်ထဲ​ဆောင်းထားသည်မို့ နားရွက်ဖျားတို့မှာ ကျင်ခဲနေ၏။

ပါးစပ်ကိုအနည်းဟ,ကာ
လေတို့ကိုမှုတ်ထုတ်လိုက်တိုင်းမှာတော့
အဖြူရောင်အခိုးအငွေ့တို့ကို မြင်နေရလေသည် ။

" ကိုကို အရမ်းအေးနေလို့လား "

" ဟင် .. အင်း သိပ်တော့မအေးပါဘူးဋီကာရဲ့ "

" ကိုကို့နားရွက်ဖျားတွေနီနေပြီ "

" ဟုတ်လား .. ဋီကာလေးရော မချမ်းဘူးလား "

" ချမ်းတော့ချမ်းတယ် ဒါပေမယ့်
အဲ့ဒီအရသာကို ဋီကာကတော့ ကြိုက်တယ် "

အင်္ကျီသုံးလေးထပ် ထပ်ဝတ်ထားသည့်ဋီကာလေးက
ခေါင်းစွပ်ကိုလည်း နားရွက်လေးတွေ ဖုံးအုပ်သည်အထိ
လုံလုံခြုံခြုံလေးဆောင်းထားသည်မို့ အအေးဒါဏ်ကိုတော့
သူ့လောက်မခံစားရဘူးဆိုတာ မျက်နှာလေးကြည့်ရုံနှင့်သိပါသည်။

You've reached the end of published parts.

⏰ Last updated: Dec 12, 2024 ⏰

Add this story to your Library to get notified about new parts!

ပန်းပျိုးလက် 🌱Where stories live. Discover now