Part 33

3K 108 17
                                    

                              🌱

" အန်ကယ်လ်တောင်းပန်တယ်မောင်လူသစ်ရာ
အရေးကြီးကိစ္စရှိလို့ အန်ကယ်လ်ခရီးထွက်လိုက်ရတာ
မောင်လူသစ်နဲ့ချိန်းထားတာကို အန်ကယ်လ်မမေ့ပါဘူး
မနက်ဖြန်တော့ အန်ကယ်လ်အိမ်မှာရှိတယ် လာခဲ့ကွာ, .."

" ဟုတ်ကဲ့ ရပါတယ်အန်ကယ်လ် "

ရပါတယ်လို့ပြောနေသည့်လူသစ်နေရဲ့မျက်နှာမှာတော့
စိတ်မရှည်သည့်အရိပ်အငွေ့တွေက ပျံ့လွင့်နေသည် ။

လူချင်းမတွေ့ရသည်မို့
ဟန်ဆောင်ထားစရာလည်းမလိုသလို
စိတ်ခံစားချက်အတိုင်း လိုက်ပါစီးမျောနေမိသည် ။

စိတ်ရှည်တတ်ခဲ့သည့် သူ
ဒီတခါမှာတော့ တစက္ကန့်တောင် မစောင့်ချင်ပေမယ့်
မနက်ဖြန်များစွာကို စိတ်မွန်းကြပ်စွာနှင့် စောင့်နေမိသည်။

" မောင်လူသစ်က အရေးကြီးလို့လားကွ
ဖုန်းထဲကပြောလို့ မရဘူးလား ဟို အန်ကယ်လ်ပြောတာက
မောင်လူသစ်ကို အချိန်မပေးချင်လို့မဟုတ်ဘူးနော်
အန်ကယ်လ်ကမောင်လူသစ်စောင့်နေရတာကို အားနာလို့ပါ, .."

" ဟုတ်ကဲ့ ရပါတယ်အန်ကယ်
ကျနော် အန်ကယ်လ်နဲ့တွေ့ပြီးမှဘဲ ပြောပါ့မယ်
ကျနော့်တဘဝလုံးနဲ့ဆိုင်တဲ့ကိစ္စမို့ အရေးကြီးပါတယ်
ကျနော်ကိုယ်တိုင် လာခဲ့ပါ့မယ်အန်ကယ်လ် "

" အေး အေး ..
အဲ့ဒါဆိုလဲ အန်ကယ်လ်စောင့်နေမယ်လေ, .."

" ကျေးဇူးအန်ကယ်လ်, .."

တဖက်မှလူသစ်နေဖုန်းချသွားသည်နှင့်
ဦးကျော်သက်လင်းရဲ့အတွေးထဲမှာလည်း
လူသစ်နေရဲ့စကားတွေနဲ့ လုံးထွေးနေရသည် ။

တဘဝလုံးနဲ့ဆိုင်သည့်ကိစ္စဆိုရာမှာ
ဘယ်လိုကိစ္စမျိုးဖြစ်မလဲဆိုပြီး စိတ်ဝင်စားမိသည် ။

မိမိသည် တရားရုံးချုပ်ရှေ့နေဖြစ်တာမို့
အမှု့ကိစ္စများနှင့်ပတ်သက်ပြီးများ တိုင်ပင်လေမလား ။
သို့မဟုတ် ဘယ်လိုကိစ္စမျိုးများ ဖြစ်နိုင်မလဲ ။

လူသစ်နေနှင့်သူ၏ပတ်သက်မှုမှာ
သားရေးသမီးရေးကိစ္စလောက်သာ ရှိတာမို့
သားနဲ့ဋီကာတို့ရဲ့ကိစ္စများ ဖြစ်နေလေမလား ။

ပန်းပျိုးလက် 🌱Where stories live. Discover now