Part 39

10.4K 210 6
                                    

🌱

" ဘယ်လိုဖြစ်တာလဲဆရာရယ်
ကျနော်ဖြင့် ကြားသာကြားခဲ့ရတယ်
ဘယ်လိုမှမယုံနိုင်လို့ အခုလိုဆရာ့ဆီကို
ဖုန်းဆက်လိုက်ရတာဘဲ တကယ်လားဆရာ
ဆရာတကယ်ဘဲ ဆရာ့ညီမလေးကိုခေါ်သွားတာလား "

တဖက်မှသီဟရဲ့မယုံနိုင်သည့်စကားတွေကို
ဖုန်းထဲမှတဆင့်နားထောင်​နေရင်း လူသစ်နေမှာ
ပြုံးနေမိတော့သည် ။

မြစ်ကြီးနားကိုရောက်သည့် နောက်တမနက်မှာဘဲ
သီဟထံမှ ယခုလိုစကားမျိုးကို ကြားရ​ခြင်း​ဖြစ်သည် ..။

အလျှင်စလို ထွက်လာခဲ့သည့်ဒီခရီးဟာ
စီစဥ်ပြီးသားဖြစ်လင့်ကစား ဋီကာလေးပါလာသည်ကတော့
သူ့ပတ်ဝန်းကျင်မှာ အထူးအဆန်းတရပ်ပင် ဖြစ်သွားခဲ့သည်။

အထူးတလည် ဖုံးကွယ်ထားဖို့မရည်ရွယ်တော့ပေမယ့်
ခရေစေ့တွင်းကျ လိုက်ရှင်းပြဖို့ရာလည်း စိတ်ကူးမရှိပေ။

ပတ်ဝန်းကျင်သည် သူတို့အလုပ်သူတို့လုပ်သလို
လူသစ်နေသည်လည်း ကိုယ်လုပ်စရာရှိတာကိုသာ
ရည်ရွယ်ချက်မပျက် လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည် ။

အခုတော့ ဋီကာလေးသည်
သူ့ဘဝ,သူ့ကမ္ဘာ ဖြစ်လာခဲ့လေသည် ။

ထို့ကြောင့်မို့
သီဟရဲ့အမေးစကားအားလုံးကို
အမှန်အတိုင်းသာ ပြောပြဖို့ရည်ရွယ်လိုက်သည် ။

" ဟုတ်တယ်သီဟ
ကိုယ် ကိုယ့်ညီမလေးကိုခေါ်လာခဲ့တာ
အဲ့ဒီမှာရော ဘာသတင်းတွေထွက်နေလို့လဲ , .."

" အစုံပါဘဲဆရာရယ်
ဆရာတို့ရပ်ကွက်ထဲမှာလည်း
ဆရာတို့သတင်းက တော်တော်လေးပျံ့နေတယ်
ဆရာ့ညီမလေးက လာမယ့်ဆန်းဒေးမှာလက်ထပ်တော့မှာဆို
အခုတော့ အားလုံးက ဆရာ့ကိုဘဲဝိုင်းအပြစ်တင်နေကြတယ် "

" မင်းကရော .."

" ဗျာ "

လူသစ်နေ၏မေးခွန်းကြောင့် သီဟ,က
အာမေဋိတ်သံပြုကာ တိတ်ဆိတ်သွားလေသည် ။

" မင်းကရော ကိုယ့်ကိုဘယ်လိုမြင်လဲသီဟ,
မင်းအမြင်မှာရော ကိုယ်က ဘယ်လိုလူဖြစ်နေလဲ .."

" အမှန်အတိုင်းပြောရရင်တော့
ပထမ ကြားကြားချင်း မယုံနိုင်ခဲ့ဘူးဆရာ
ဆရာ့လိုလူတယောက်က ဒီလိုဆိုတာကိုပေါ့
ဒါပေမယ့် ကျနော်နဲ့သိကျွမ်းခင်မင်ခဲ့တဲ့ ဆရာက
ဘယ်လိုလူမျိုးလည်းဆိုတာကို ကောင်းကောင်းကြီး
သိနေခဲ့တဲ့ ကျနော့်အတွက်ကတော့ သူများ​တွေလိုမျိုး
အများ​ကြီးမအံ့သြ​မိတော့ပါဘူး ဘာ​ဖြစ်လို့လဲဆိုတော့
ဆရာ့မျက်လုံးတွေထဲက အဆွေးရိပ်တွေအကြောင်းကို
ကျနော်က သိချင်​နေခဲ့တာလေဆရာရယ် .. ဒါပေမယ့်
ဆရာ့ရဲ့နှလုံးသားက ဆရာ့ရဲ့ညီမလေးဖြစ်နေတယ်ဆိုရင်
ကျနော် ဆရာ့ကိုအပြစ်မတင်ချင်​ပါဘူး ဆရာမှန်တယ်.. "

ပန်းပျိုးလက် 🌱Where stories live. Discover now