Part 45

9.2K 213 8
                                    

                                  🌱

" အဆိုင်းက ငါ့မိတ်ဆွေတယောက်ရဲ့တူမလေးလေ "

" သူ့အမေက ဗမာလူမျိုးဆို ဟုတ်လားကိုဖေရင်း "

" အေး ဟုတ်တယ်လို့တော့ပြောတယ်
ငါနဲ့က တခါနှစ်ခါလောက်ဘဲ ဆုံဖူးတာလေ
အဆိုင်းရဲ့အဖေက အရင်က မူးယစ်ခေါင်းဆောင်
အခုတော့ တရုတ်နဲ့ရှိန်းခေါင်ဘက်မှာ အဝယ်ဒိုင်လုပ်ပြီး
စီးပွားရေးကောင်းနေတယ်လို့တော့ ကြားရတာဘဲ ..."

" အဆိုင်းအဖေနဲ့အမေက ကွဲနေကြတာလား "

" ကွဲနေတယ်လို့တော့ မဟုတ်ဘူးကွ
အဆိုင်းအဖေ ဦးဟဲဆာဒီးက အိမ်ထောင်ဆက်များတယ်
အိမ်ထောင်ဆက်များပေမယ့် ယူထားတဲ့မိန်းမတွေကိုတော့
ပြည့်ပြည့်စုံစုံထားပေးတယ် အဆိုင်းအမေက ဦးဟဲဆာဒီးရဲ့
တတိယမြောက် အိမ်ထောင်လေ အခုလောလောဆယ်တော့
ဦးဟဲဆာဒီးမှာ လက်ရှိ တရားဝင်အိမ်ထောင်မရှိပေမယ့်
တွဲနေတဲ့မိန်းကလေး ရှိတယ်လို့​တော့ပြောတယ် "

" အဆိုင်းရဲ့အဖေက မိန်းမတွေအများကြီးပေါ့ "

" အေးကွ
ငါသိသလောက်ဘဲ ငါးယောက်လောက်ရှိမယ်
အဆိုင်းအမေရဲ့နောက်မှာဘဲ နှစ်ယောက်ရှိတယ်လေ
အဲ့ဒီအိမ်ထောင်တွေနဲ့လည်း ကလေးရှိတယ် သားတွေ "

" အော် ဒါဆိုရင်
အဆိုင်းတယောက်ပဲ မိန်းကလေးပေါ့ "

" အေး ဟုတ်တယ်လေ အဲ့ဒါကြောင့်
အဆိုင်းအဒေါ် ငါ့မိတ်ဆွေဖြစ်တဲ့ မုရန်က
သူ့တူမကိုသိပ်ချစ်တာ မိန်းကလေးရှားလို့လေ "

" အဆိုင်းအမေက
လုံရှာယာန်မှာတယောက်ထဲနေတာလား "

" တယောက်ထဲတော့မဟုတ်ဘူး
အဆိုင်းမှာ သူ့ထက်အငယ် မောင်လေးရှိတယ်
ဆယ်နှစ်ကျော်ကျော်တော့ရှိပြီ အဲ့ဒီကလေးနဲ့နေတာ .."

" အဆိုင်းလေးက
သူ့အမေနဲ့ဘာဖြစ်လို့မနေတာလဲကိုဖေရင်း "

" ဦးဟဲဆာဒီးရဲ့ညီမ မုရန်က
အဆိုင်းလေးကိုခေါ်ထားတာလေ
အဆိုင်းရဲ့အမေက မျက်စိမမြင်ဘူးလူသစ်ရ
အဲ့ဒါကြောင့် မုရန်က သူ့တူမကို မျက်မမြင်အမေနဲ့
စိတ်မချလို့ မြစ်ကြီးနားမှာခေါ်ထားတာ သုံးနှစ်ရှိပြီ ..."

ပန်းပျိုးလက် 🌱Where stories live. Discover now