Part 40

7.3K 190 5
                                    

                               🌱

" လှလိုက်တာကိုကိုရာ .. ဟိုမှာကြည့်ပါဦး
နေဝင်ခါနီးအလှက ဘာနဲ့မှမတူဘူးနော်ကိုကို.. "

တောင်ရိပ်တောင်ဖျားတို့ဆီမှ
ပုန်းဝင်ပျောက်ကွယ်တော့မယ့်နေဝန်းနီနီဟာ
ကွယ်ပျောက်ခါနီးမှ ပိုပြီး သက်ဝင်လှပနေလေသည်။

ကျယ်​ပျောလှသည့်မနောကွင်းကြီးထဲမှာ
တယောက်နဲ့တယောက် လက်ချင်းတွဲကာ
လမ်းလျှောက်ရသည့်အရသာက ဘာနဲ့မှမတူပေ ။

အနားမှာ ကိုကိုရှိနေသည်ဆိုတဲ့အသိက
ဋီကာ့ရဲ့ စိတ်နဲ့ကိုယ် နှစ်ရပ်လုံးကို လုံခြုံစိတ်ချစေပါသည် ။

ကိုကိုက လည်ကပ်ဆွယ်တာခဲရောင်ကိုဝတ်ထားပြီး
အနက်ရောင်ဘောင်းဘီရှည်နှင့်မို့ ကြည့်ရတာပိုပြီးသန့်နေသည်။

ခပ်တိုတိုညှပ်ထားသည့်ဆံပင်တွေကို
သပ်သပ်ရပ်ရပ်နဲ့ ဘေးသို့ခွဲထားသည်မို့
ဘယ်အရပ်မှကြည့်ကြည့် ကိုကို့ပုံရိပ်က ထင်းနေသည်။

အနည်းငယ်ပိန်သွယ်ချင်သည်မို့
ရှည်ကိုင်းကိုင်းဖြစ်နေသည့်ကိုကို့အရပ်က
ဋီကာနဲ့ယှဥ်လိုက်ရင် ဦးခေါင်းတလုံးစာမျှမြင့်မားနေသည်။

အနီးကပ်ရှိရတိုင်းမှာ
ကိုကို့မျက်နှာကိုမော့ကြည့်ရတာလည်းရင်ခုန်မှုတမျိုးပါဘဲ ။

" ဒီview က ဓာတ်ပုံရိုက်လို့လှတယ်
ဋီကာလေးသွားလိုက် ကိုကိုရိုက်ပေးမယ်, .."

" ကိုကိုနဲ့အတူတူရိုက်ချင်တာ .."

" ပြီးရင်ရိုက်ကြမယ်လေ
အခုက ဋီကာလေးတယောက်ထဲရိုက်လိုက် .."

" လှလှလေးနော်ကိုကို .."

" ကိုကို့ရဲ့ဋီကာလေးက လှပြီးသားပါကွာ .."

" ဟီး .. ကိုကိုက အရမ်းတော်တာဘဲ .."

ကလေးလေးတယောက်လို
လွတ်လပ်ပေါ့ပါးနေသည့် ဋီကာလေးရဲ့လှုပ်ရှားမှုတွေကို
မျက်တောင်မခတ်လိုက်ကြည့်နေသည့်လူသစ်နေမှာတော့
ဋီကာလေးရဲ့ အရိပ်အငွေ့လေးတွေကအစ,လှနေတော့သည်။

ဂျင်းဘောင်းဘီရှည်လေးနဲ့
ဂျင်းဂျက်ကပ်လေးကိုလည်း ထပ်ဝတ်ထားသည်မို့
ပုခုံးအတိရွှေအိုအောင်ဆံပင်လေးတွေရဲ့ပိုင်ရှင်လေးဟာ
ဘာဂုဏ်ပုဒ်တွေမှမရှိတော့တဲ့ ကလေးငယ်လေးလိုပါဘဲ ။

ပန်းပျိုးလက် 🌱Where stories live. Discover now