Part 30

2.8K 97 6
                                    

                        🌱

" အနေအထိုင်လေးတော့ ဆင်ခြင်ပါသားရယ် "

" ဋီကာနဲ့ကျနော်က စေ့စပ်ထားတဲ့သူတွေဘဲ "

" ဒါပေမယ့် သားဒီလိုတော့ မလုပ်သင့်ဘူး "

" ကျွတ် ..."

လင်းမြတ်တယောက်
စိတ်ပျက်စွာညည်းတွားလိုက်မိပေမယ့်
ပျက်ယွင်းသွားသည့် လူသစ်နေ၏မျက်နှာကို
ပြန်မြင်ယောင်လာတော့ မခိုးမခန့်ဘဲ ပြုံးလိုက်မိသည် ။

အဟွန်း ။

ခင်များဘာတတ်နိုင်သေးလဲ ။

ဋီကာ့ကို ဘယ်သူပိုင်သလဲဆိုတာ
ခင်များအခုချိန်မှာ သိသင့်ပြီလို့​တော့ထင်တယ် ။

" ................. "

" ဋီကာရောမာမီ .."

" သမီးလေးလည်း ရှက်နေမှာပေါ့
သူ့အတွက်ပေးထားတဲ့အခန်းထဲမှာ ထွက်မလာဘူး "

" ဟိုလူကြီးရော, .."

" ဘယ်သူလဲ .."

" ဘယ်သူရှိရမှာလဲ ကျနော့်ယောက်ဖပေါ့ အဟွန်း, .."

" ပြန်သွားပြီလေ
မင်းဒယ်ဒီနဲ့ အတူတူထွက်သွားတာဘဲ "

" အဟွန်း .. ကောင်းတယ် "

" လင်းမြတ် ..."

" ကျနော်နားချင်သေးတယ်မာမီ .."

" မင်း ကလေးသိပ်ဆန်တာဘဲသားရယ်, .."

စိတ်ပျက်သလိုညည်းညူပြောဆိုကာ
ထွက်သွားသည့်မာမီ့ကို ပြုံးကြည့်ရင်း
အိပ်ယာပေါ်မှာ ညင်သာစွာလဲလျောင်းချလိုက်သည် ။

နဖူးပေါ်လက်တင်ကာ မျက်လုံးကိုမှိတ်လိုက်တော့
နှုတ်ခမ်းတွေမှာ ကျေနပ်ပြုံးတို့ ခိုတွဲနေလေသည် ။

ထို့နောက် ရင်တွေခုန်နေသည် ။

တွဲခဲ့ကြသည့် ချစ်သူသက်တမ်းတလျှောက်လုံးမှာ
လက်ကလေးကိုင်ပြီး ပါးလေးသာ နမ်းခွင့်ရခဲ့ပေမယ့်
ဒီနေ့မှာတော့ နုညံ့သည့်နှုတ်ခမ်းလေးတွေရဲ့အရသာကိုပါ
ခံစားလိုက်ရပြီမို့ ထိုခံစားမှုက လူကိုရူးသွပ်စေသည် ။

လိုချင်သည် ။

ဒီထပ်ပိုပြီး ပိုင်ဆိုင်ချင်သည် ။

ပန်းပျိုးလက် 🌱Where stories live. Discover now