Part 10 ( ပန်းရင့်ဋီကာ )

3.9K 84 3
                                    

                               🌱

စီးပွားရေးကို အကွက်မြင်အောင်လှုပ်ရှားနိုင်သူမို့
ကားပြင် ကားပွဲစားဘဝမှာ ကိုယ်ပိုင်ဝပ်ရှော့ခ်ရုံတခုကို
ဘယ်သူ့အကူအညီမှမပါဘဲ တည်ထောင်နိုင်ခဲ့သည် ။

ရပ်ကွက်ထဲမှလူငယ်တချို့ကို အလုပ်ပေးနိုင်သလို
တဖက်မှလည်း ကားအရောင်းအဝယ်ကအရှိန်မြင့်လာပြီး
စီးပွားရေးက နေ့ချင်းညချင်းအဆင်ပြေအောင်မြင်လာခဲ့သည်။

သူတို့အဆင်ပြေတာကိုမြင်သညံကြီးကြီးမိုးက
ဝမ်းသာအားရဖြစ်နေသလို ကောင်းစည်သူကိုလည်း
သူ့ဝပ်ရှော့ခ်မှာအလုပ်ပေးထားခဲ့သည် ။

သို့သော်လည်း သူတို့အဆင်ပြေအောင်မြင်လာချိန်မှာ
ကြီးကြီးမိုးတို့မှာ ကံကြမ္မာဆိုးက ဝင်ရောက်လာခဲ့လေသည်။

ကြီးကြီးမိုးတို့နှင့် လူသစ်နေတို့ဆိုတာ
မိသားစုလိုဖြစ်နေတာမို့ တဦးခက်ခဲလျှင်
ကျန်တဦးလည်း ပူပင်သောကရောက်ရစမြဲပါဘဲ ။

ကြီးကြီးမိုးရဲ့အမျိုးသားက
အလုပ်မှာရန်ဖြစ်စကားများကြရင်း
လူသတ်မှုကျူးလွန်လာတာမို့ အဖမ်းခံခဲ့ရသည် ။

အမှုရင်ဆိုင်ရတာမို့ ငွေကြေးတွေဆုံးရှုံးကာ
နောက်ဆုံး ဦးလေးက ထောင်ကျသွားခဲ့လေသည် ။

ကြီးကြီးမိုးတို့ရဲ့စီးပွားရေးကို
သူဘဲ တာဝန်ယူပေးခဲ့ရပြီး သိပ်မကြာခင်
ဦးလေးက ထောင်ထဲမှာဘဲ ဆုံးသွားခဲ့ပြန်သည် ။

ကြီးကြီးမိုးတို့ အတိဒုက္ခရောက်နေချိန်မှာ
လူသစ်နေက ဘေးနားမှာအမြဲကူညီပေးခဲ့ရသည် ။

သူတို့ငယ်ငယ်မှာ ကြီးကြီးမိုးက
မေတ္တာတွေပေးပြီးနွေးထွေးစေခဲ့သလို
အခုတခါမှာတော့ သူ့ရဲ့ဖေးမမှုတွေနဲ့ ကြီးကြီးမိုးကို
စိတ်လုံခြုံမှုတခုကို ဖန်တီးပေးနိုင်ခဲ့ပါသည် ။

" ပန်းနု ပန်းနုလေး "

" ဟင့် .. ကိုကို .."

" ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ ဟမ်
နေမကောင်းလို့လား ဘာဖြစ်လို့ငိုနေတာလဲ "

ကျောင်းပိတ်ရက်ဆိုပေမယ့်
နေမြင့်သည်အထိ မအိပ်ဖူးသည့်ပန်းနုလေးက
ဒီနေ့မှာတော့ဖြင့် သူအပြင်မှပြန်လာသည်အထိ
အိပ်ယာထဲမှာရှိနေတာမို့ စိတ်ပူစွာနဲ့ အနားရောက်သွားရသည်။

ပန်းပျိုးလက် 🌱Where stories live. Discover now