Part 35

4K 146 9
                                    

                                🌱

နှလုံးသားတွေနာကျင်လွန်းလှသလို
ခန္ဓာကိုယ်သည်လည်း မတ်မတ်မရပ်နိုင်လောက်အောင်
လူသစ်နေ၏ စိတ်နဲ့ကိုယ်ဟာ အလဲလဲအပြိုပြိုဖြစ်နေသည်။

ခြေလှမ်းတွေရှေ့ဆက်နိုင်ဖို့က
ဒီအချိန်မှာ တကယ်ကိုခက်ခဲပင်ပန်းလွန်းနေသည် ။

လင်းမြတ်ပြောသည့်ကွန်ဒိုအောက်ကို ရောက်နေပေမယ့်
အပေါ်အထိတက်သွားဖို့အတွက် ဆုံးဖြတ်ရခက်နေသည်။

ဋီကာလေးက တကယ်ဘဲ လင်းမြတ်နဲ့အတူရှိနေတာလား ။

အကယ်၍ အတူတူရှိနေပြီဆိုတာ သေချာရင်ရော ။

သူ့အနေနဲ့ ဘယ်လိုမျိုးတုန့်ပြန်သင့်သလဲ ။

သူအနေနဲ့က ဘာဖြစ်ဖြစ်ကိစ္စမရှိပေမယ့်
ဋီကာလေးတယောက် ဘယ်လိုများရှိနေမလဲ ။

အဆင်မှပြေနိုင်ပါ့မလား ။

အတင်းအကြပ် အနိုင်ကျင့်ခံနေရပြီလား ။

ဒီနေရာအထိ
ဋီကာဟာ သူ့စိတ်သဘောနဲ့သူ လိုက်လာခဲ့သလား ။

ဒါမှမဟုတ် လင်းမြတ်ရဲ့
ဘယ်လိုပရိယယ်တွေကြောင့် ရောက်လာခဲ့ရသလဲ ။

ယောကျ်ားတွေမာယာများပြီဆိုရင်
မိန်းမတွေရဲ့သဲကိုးဖြာတောင် လိုက်မမှီဘူးဆိုတာကို
ကိုကို့ရဲ့ဋီကာလေး သိမှသိပါလေစ,  ။

ဋီကာရယ် ။

" ................... "

အချိန်ဆွဲနေလို့လည်း
ပြီးသွားမယ့်အခြေအနေမဟုတ်တာမို့
ကြုံလာသမျှကိစ္စအားလုံးကို ရင်ဆိုင်ဖို့အတွက်
လူသစ်နေသည် ကားပေါ်မှ ခပ်မြန်မြန်ဘဲဆင်းလိုက်သည် ။

ထိုအချိန်မှာဘဲ သူရပ်ထားသည့်ကားနားသို့
ကားတစီးက ကွေ့ဝိုက်ကာ ပါကင်ထိုးရပ်လာသည် ။

မျက်နှာကိုလာစူးသည့်မီးရောင်ကြောင့်
လက်တဖက်မြှောက်ကာ ကာကွယ်လိုက်ရင်း
လှေကားဆီသွားမည့်ခြေလှမ်းတွေက ထိုကားထဲမှ
ဆင်းလာသည့်လူကြောင့် ရပ်တန့်သွားရသည် ။

" ဟာ .. မောင်လူသစ်  ..."

" အန်ကယ်လ်  .."

လုံးဝထင်မှတ်မထားသည့်ဒီအချိန်မှာ
ဦးကျော်သက်လင်းကို ဒီ​နေရာမှာတွေ့လိုက်ရတာကြောင့်
လူသစ်နေသည် မျက်လုံးတွေကိုဖိမှိတ်ချလိုက်မိတော့သည်။

ပန်းပျိုးလက် 🌱Where stories live. Discover now