Part 36

3.5K 148 9
                                    

🌱

" သား လူသစ်ရေ
ခြံရှေ့မှာ မောင်လင်းမြတ်မိဘတွေရောက်နေတယ်, .."

" ဗျာ ..."

" ကြီးကြီး တံခါးဖွင့်ပေးလိုက်ရမလားသား, .."

ကြီးကြီးမိုးကို အဖြေပြန်မပေးနိုင်ခင်
လူသစ်နေမှာ ဋီကာလေးကိုကြည့်လိုက်မိသည် ။

ဋီကာလေးကတော့ သူ့ကိုမကြည့်ဘဲ
မျက်နှာလေးကိုခပ်လွှဲလွှဲလုပ်ထားလေသည် ။

သူ့အခန်းထဲက ကုတင်ပေါ်မှာထိုင်နေသည့်ဋီကာလေးက
သူခေါ်လာသည့်အချိန်ကတည်းက အခုမိုးလင်းသည်အထိ
တမှေးမှမအိပ်ဘဲ မျက်ရည်တွေသာ တွင်တွင်ကျနေသည် ။

မျက်နှာနုနုလေးတခုလုံး နီရဲမို့အင့်နေပြီး
ခြေဖျားလက်ဖျားလေးတွေက အေးစက်နေသည် .. ။

ဒီကလေးလေးကို
ဒီလိုမြင်နေရသည့်လူသစ်နေမှာတော့
ရင်ဘတ်တွေအစိပ်စိပ်အမွှာမွှာကွဲရပါသည် ။

သူ မြတ်နိုးစွာတန်ဖိုးထားခဲ့ရသည့်မိန်းကလေးကို
တခြားလူတယောက်က နာကျင်စေခဲ့တာကိုတော့ဖြင့်
သူ့အတွက်ကတော့ ခွင့်မလွှတ်နိုင်သည့်ကိစ္စဘဲဖြစ်သည် ။

" ကြီးကြီးမိုး .."

" ဟေ .. သား ပြောလေ ..."

" အိမ်ထဲကို ဘယ်သူ့မှပေးမဝင်ပါနဲ့
ကျနော်တို့ကိုမေးရင် အိမ်မှာမရှိဘူးလို့ဘဲပြောပေးပါ .."

" ဟေ ..."

လူသစ်နေရဲ့စကားကြောင့်
အခန်းအပြင်မှ ကြီးကြီးမိုးရဲ့ အာမေဋိတ်သံကိုကြားရပြီး
မျက်နှာလွှဲထားသည့်ဋီကာလေးကလည်း သူ့ကိုကြည့်လာသည်။

" ကျနော်ပြောသလိုလုပ်ပေးနိုင်မလားကြီးကြီး .."

" အော် .. အေးအေး .. စိတ်ချသား စိတ်ချ .."

ကြီးကြီးမိုးအခန်းရှေ့မှထွက်သွားသံကြားမှ
လူသစ်နေလည်း ဋီကာလေးရဲ့လက်ဖဝါးလေးကိုဆွဲကာ
ပါးပြင်ပေါ်မှမျက်ရည်တွေကို ကြင်နာစွာသုတ်ပေးလိုက်သည်။

" ဋီကာလေး .."

" ဋီကာ ဘယ်သူနဲ့မှမတွေ့ချင်ဘူးကိုကို .."

ပန်းပျိုးလက် 🌱Where stories live. Discover now