Intro
ဒီ fic လေးကို fantasy အမျိုးအစားလို့ပဲ ခေါင်းစဥ်တပ်ရမယ် ထင်ပါတယ်။ တကယ် အပြင်မှာမရှိတဲ့ နိုင်ငံတစ်ခုကို စိတ်ကူးယဥ်ပြီး ရေးမှာမလို့ပါ။ ဒါပေမယ့် ရှေးဟောင်းပုံစံမဟုတ်ဘဲ အခုခေတ်ပုံစံအတိုင်းပဲသွားပါမယ်။ ဖုန်းတွေ၊ ကားတွေ၊ လေယာဥ်တွေ၊ အင်တာနက်တွေ ရှိမယ်၊ စကားအပြောအဆိုတွေကလည်း အခုခေတ် ပြောကြသလိုပဲ ပြောမှာပါ။
ဇာတ်လမ်းအကျဥ်းလေးကတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ Title မှာကိုက 'Romeo & Romeo' ဆိုတဲ့အတိုင်း ရိုမီယိုနဲ့ ဂျူးလီးယက်လိုပဲ တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြပါလျက်နဲ့ ဆုံစည်းဖို့ ခက်နေကြတဲ့ ကောင်လေးနှစ်ယောက်အကြောင်းပါ။ သူတို့ ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်က ယောက်ျားနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို လက်ခံပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်တဲ့အပြင် မိသားစုနှစ်စုကြားမှာ အမုန်းတွေ၊ ရန်ငြိုးတွေကပါ ရှိနေပြန်တော့ သူတို့ရဲ့ ရည်ရွယ်ရာ ပန်းတိုင်ကိုရောက်ဖို့ အနှောင့်အယှက်၊ အတားအဆီးတွေကို ကျော်ဖြတ်ပြီး ရုန်းကန်ကြရတဲ့ ဇာတ်လမ်းမျိုးလေးပါပဲ။
နဂိုက ဒီ fic ကို heavy drama ပုံစံ ရေးဖို့ စိတ်ကူးထားတာမို့ အစပိုင်း အပိုင်းတွေက နည်းနည်း ပျင်းစရာကောင်းသလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီစာရေးသူက မျောက်စိတ်ဆိုတော့ ရေးရင်းတန်းလန်း စိတ်ပြောင်းသွားပြီး နောက်အပိုင်းတွေကိုတော့ ခပ်သွက်သွက် ပုံစံနဲ့ပဲ သွားပါတော့မယ်။ အရမ်း မဟဲဗီးတော့ပါဘူးနော်။
Thank you so much & love you all ❤️
🌹×🌹×🌹×🌹×🌹
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault