Chapter 18 (U)

182 11 2
                                    

Chapter 18

စောညီ၏ အိမ်ပိစိလေးတွင် သူငယ်ချင်းလေးယောက် ဆုံမိကြပြန်ပြီ။ ဧည့်ခန်းစားပွဲပေါ် တင်ထားသည့် laptop ရှေ့မှာ သီရိနှင့်စောညီက နေရာယူပြီးပြီ။ လျှံနှင့်တိမ်ယံက သောက်စရာတစ်ခုခု ယူဦးမည်ဆိုကာ မီးဖိုခန်းထဲ ဝင်သွားကြတာ ပြန်ထွက်မလာသေး။

"ဟိုအချစ်ငှက်နှစ်ကောင် လာကြတော့လေ။ ဘာလုပ်နေတာလဲ"

သီရိအသံကြားတော့ လျှံကလှည့်ကြည့်ရင်း...

"အင်း အင်း၊ လာပြီ။ အချစ် သွားထိုင်နှင့်တော့လေ။ ဒါတွေ ငါယူခဲ့မယ်"

"ဖန်ခွက်တွေ ငါယူသွားလိုက်မယ်"

"OK"

တိမ်ယံကအရင် ဖန်ခွက်တွေကိုင်ကာ ပြန်ထွက်လာသည်။ ကိုလာပုလင်းနှင့် ရေသန့်တစ်ပုလင်းကို လက်တစ်ဖက်တစ်ချက်စီ ကိုင်ထားသည့် လျှံက ခဏနေမှ နောက်ကလိုက်လာသည်။ အမူအရာ ပျက်ယွင်းနေသည့် ထိုနှစ်ယောက်ကို သီရိစိတ်ထဲ ဘဝင်မကျ။

"အဲ့နှစ်ယောက် ဘာဖြစ်ထားကြတာလဲ"

တိုးတိုးကပ်မေးတော့ စောညီကလည်း ခေါင်းကုတ်ပြသည်။

"ငါလည်းမသိဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ။ ရန်ဖြစ်ထားကြတာနဲ့လည်း မတူပါဘူး"

တိမ်ယံ့မွေးနေ့ညကကိစ္စ ပြီးကတည်းက လျှံနှင့် တိမ်ယံ အဆင်မပြေ။ စိတ်ဆိုး ဒေါသဖြစ်နေတာမျိုးတော့မဟုတ်။ အိုးတိုးအမ်းတမ်းနှင့် အနေရခက်နေကြခြင်းသာ။ လျှံကပိုဆိုးသည်။ တိမ်ယံ့မျက်နှာကို စေ့စေ့မကြည့်သလို အနားကိုလည်း မကပ်ဘဲ သုံးပေလောက်က ခပ်ခွာခွာနေသည်။ ထိုကိစ္စအကြောင်းကို ဘယ်သူကမှ စကားမစပေမယ့် နှစ်ယောက်လုံးစိတ်ထဲ ရှိနေလေတော့ ကသိကအောင့် အခြေအနေကြီး။

ဧည့်ခန်းထဲ ပြန်ရောက်လာပြီး ထိုင်ကြတော့လည်း ခါတိုင်းလို နှစ်ယောက် ပူးကပ်မထိုင်ဘဲ တိမ်ယံက စောညီဘေးမှာ၊ လျှံက သီရိဘေးမှာ ဝင်ထိုင်ကြသည်။ အလယ်မှာ ကြားညပ်နေသည့်နှစ်ယောက်က မျက်လုံးလေးတွေ ကလယ်ကလယ်။

"ရပြီ။ play တော့လေ။ ဘာအူကြောင်ကြောင် လုပ်နေတာတုန်း"

"ဪ အင်း အင်း"

Romeo & RomeoWhere stories live. Discover now