Chapter 25 (Z)

44 1 0
                                    

Chapter 25

"အချစ် ငါ့ကို ဘယ်တွေ ခေါ်လာတာလဲ"

ကားပေါ်ကဆင်းရင်း လျှံက မျက်နှာငယ်လေးနှင့် မေးသည်။ သူတို့ရှေ့မှာက ၁၉၇၀/၈၀ လောက်က ဗိသုကာ လက်ရာမျိုးနှင့် အိမ်ဟောင်းကြီးတစ်လုံး။ လူသူအရိပ်အယောင် မမြင်ရသော်လည်း အိမ်ရှေ့မှာ ကားငါးစီးခန့်နှင့် ဆိုင်ကယ်တွေတော့ ရပ်ထားသည်။

တိမ်ယံက "အထဲရောက်ရင် သိလိမ့်မယ်" ဆိုပြီး လျှံ့လက်ကို ဆွဲခေါ်သည်။

အိမ်ထဲကိုက ချက်ချင်းမဝင်ရ။ တံခါးရှေ့မှာ လူတစ်ယောက် စောင့်နေသည်။ တိမ်ယံနှင့် စကားအနည်းငယ်ပြောပြီးမှ ထိုအစောင့်က သူတို့ကို ဝင်ခွင့်ပေးသည်။

အထဲရောက်တော့ လျှံ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အိမ်တွင်းအပြင်အဆင်သည် အပြင်နှင့် ဘာဆိုဘာမှ လားလားမှမသက်ဆိုင်။ အိမ်အောက်ထပ် တစ်ခုလုံးသည် ဟောခန်းကြီး။ နံရံများကို ဆေးအနီသုတ်ထားကာ မီးရောင်က ခပ်မှိန်မှိန်။ ဆူဆူညံညံ သီချင်းသံများကလည်း နားပွင့်လုမတတ်။ အခန်းအလယ်လောက်မှာ ဘားကောင်တာတစ်ခုနှင့် ပတ်ပတ်လည်မှာ စားပွဲဝိုင်းများ။ ဘိလိယက်ခုံ၊ မြားပစ်ခုံနှင့် ကာရာအိုကေစင်မြင့်တစ်ခုလည်း ရှိသေးသည်။

"တိမ်ယံ မင်း ငါ့ကို အရက်ဘား ခေါ်လာတာလား"

လျှံ့မျက်နှာက ရယ်ချင်ပက်ကျိ ဖြစ်နေသည့်ရုပ်။ သူသိသလောက် တိမ်ယံက ဘားတွေ၊ ကလပ်တွေ သွားလေ့သွားထမှ မရှိဘဲ။ ဒီကောင်လေး ဘာစိတ်ကူးတွေ ပေါက်နေပြန်တာလဲ။

တိမ်ယံက မျက်ခုံးတစ်ဖက်ပင့်ပြီး ဘားအတွင်းဘက်ကို မေးဆတ်ပြသည်။

"ရိုးရိုးဘားမဟုတ်ဘူး။ ဘယ်လိုဘားလဲ သေချာကြည့်လိုက်ဦး"

ဒုတိယအကြိမ် မျက်လုံးများကို အလုပ်ပေးမိတော့မှ လျှံ စိတ်ထဲကနေ ဘုရားပါ တမိသွားသည်။

ဘားတစ်ခုလုံးသည် အမျိုးသမီး တစ်ယောက်မှမရှိ။ ဝန်ထမ်းများကအစ သောက်စားနေသူ၊ စကားပြောနေသူ၊ ကခုန်နေသူများအထိ အကုန်လုံး ယောက်ျားသားများချည်းသာ။ ပြီးတော့...။

Romeo & RomeoWhere stories live. Discover now