Chapter 13 (U)

270 13 0
                                    

Chapter 13

"ဒီပန်းခြံထဲ ဒီလိုအချိန် ထိုင်ဖူးတာ ပထမဆုံးပဲ။ ဇိမ်ကျသားပဲဟ"

"ပျော်နေလိုက် အဲ့မှာ။ မြက်ခင်းထဲက ပုရွက်ဆိတ်တွေ ထွက်လာပြီးကိုက်မှ မအော်နဲ့"

"နင့်အရင်ကိုက်မှာ"

မျက်နှာချင်းဆိုင်လျှင် ရန်ဖြစ်ရမှ အသက်ရှူချောင်သည့် သီရိနှင့်လျှံ့ကို ဥပေက္ခာပြုထားပြီး ကောင်းကင်ကြီးကိုသာ မော့ကြည့်နေလိုက်ရသည်။

သူတို့ရောက်နေသည့်နေရာသည် မြို့လယ်ခေါင်ရှိ အပန်းဖြေဥယျာဥ်ထဲမှ မြက်ခင်းပြင်ကျယ်ကြီး။ နေ့လယ်နေ့ခင်းဆို အနားယူသူ၊ လမ်းလျှောက်သူ၊ ခွေးကျောင်းသူတွေနှင့် တိုးမပေါက်လောက်အောင် စည်ကားနေတတ်သော်လည်း အခုလို မှောင်အတိကျနေချိန်တွင်တော့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတော့သဖြင့် သူတို့ လွတ်လပ်စွာ နေခွင့်ရသည်။

"အချစ် ပျင်းနေပြီလား"

ဖျတ်ခနဲပေါ်လာသည့် လျှံ့အသံကြောင့် လှည့်ကြည့်လိုက်တော့ သူ့လက်ထဲက ကိုလာဘူးကို ပေးနေသဖြင့် တစ်ငုံယူသောက်ပြီး ပြန်ပေးလိုက်သည်။

"မပျင်းပါဘူး"

"အိပ်ချင်ရင် ငါ့ပေါင်ပေါ် ခေါင်းအုံးပြီးအိပ်လေ"

"ရတယ်။ အိပ်လည်း မအိပ်ချင်ဘူး"

"အိပ်ချင်လာရင်ပြောတာ။ နေကြာစေ့ စားဦးမလား။ ငါခွာပေးမယ်"

"ငါလည်း လက်ပါတယ်။ ကိုယ့်ဘာသာ ခွာတတ်တယ်"

"မတူဘူးလေ။ ငါခွာပေးရင် ပိုချိုတယ်"

"စလာပြီ စောက်ပိုတွေက"

"မယုံရင် စားကြည့်"

"တော် တော်။ ငါ့ဘာသာ ခွာစားမယ်"

နှစ်ယောက်လုံး ရှေ့မှာချထားသည့် နေကြာစေ့ထုပ်ဆီ ပြိုင်တူ လက်လှမ်းမိကြသည်။ သို့သော် အထုပ်က သူ့နေရာမှာမရှိတော့။ နှစ်ယောက်ပြိုင်တူ မော့ကြည့်မိကြတော့ နေကြာစေ့ထုပ်ကြီးကို ရင်ဝယ်ပိုက်ထားသည့် သီရိက သူတို့နှစ်ယောက်ကို ပြုံးပြုံးကြီး ထိုင်ကြည့်နေသည်။

"ဘာတွေ အဲ့လောက် သဘောကျနေတာလဲ"

လျှံ့အသံကြားမှ သီရိမျက်နှာ ပိုတောင်ပြုံးလာကာ...

Romeo & RomeoWhere stories live. Discover now