Chapter 19 (U)

192 15 2
                                    

Warning 🚨🚨🚨 - ကြမ်းတမ်းရိုင်းပျသော စကားလုံးများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် ဇာတ်ဝင်ခန်းများ ပါဝင်ပါသည်။ စိတ်အနှောင့်အယှက် မဖြစ်လိုပါက ကျော်ဖတ်သွားပေးပါ။

Chapter 19

မျက်စိရှေ့က ဖြစ်နေပုံကို တိမ်ယံ လိုက်မမီတော့။ လျှံနှင့် လူစိမ်းတစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ဘယ်သူကမှ ဘယ်သူ့ကို လမ်းဖယ်ပေးဖို့ စိတ်ကူးရှိပုံမရ။

အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်၊ ဆံပင်တိုတိုနှင့် ထိုလူသည် ဘယ်သူလဲဆိုတာ တိမ်ယံမသိ။ သို့သော် ဒီတစ်ကြိမ်တစ်ခါလေး မြင်ရရုံနှင့်ပင် ထိုလူ့ကို မနှစ်မြို့သည့်စိတ် ပေါ်နေတာတော့အမှန်။ ကောက်ကျစ်စဥ်းလဲဟန်ပေါ်နေသည့် မျက်လုံးများကြောင့် ဖြစ်လိမ့်မည်။ တိမ်ယံ အကဲခတ်နေတုန်းမှာပဲ ထိုလူ၏ ရွံရှာစရာ နှုတ်ခမ်းများ ပွင့်ဟလာကာ...

"ကိုယ့်အထက် စီနီယာနဲ့ မျက်နှာချင်းဆိုင် တွေ့နေတာကိုတောင် ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ မင်းမသိဘူးလားဟ ကောင်လေးရ။ ကြည့်ရတာ မင်းကို ငါတို့ဆုံးမပေးတာ မလုံလောက်ခဲ့တာများလား"

အော်ဂလီဆန်ချင်စရာ အသံကြီးကြောင့် ပျို့တက်လာရသည့်ထဲက 'စီနီယာ' ဆိုသည့် အသုံးအနှုန်းကြောင့် လျှံ သင်တန်းကျောင်းမှာရှိစဥ်က ဆုံခဲ့ဖူးသည့် အတန်းကြီး ကျောင်းသားတစ်ယောက်ယောက် ဖြစ်လိမ့်မည်ဆိုတာ ခန့်မှန်းလို့ရသွားသည်။

လျှံက ခွန်းတုံ့မပြန်။ ထိုလူ့ကို တစ်ချက်စူးစူးကြည့်ပြီး တိမ်ယံ့လက်ကိုဆွဲကာ ချာခနဲ လှည့်ထွက်သည်။

"ဒါ မင်းကောင်လေးလား။ ဘယ်သူလဲ။ ဟိုတုန်းက ကောင်လေးပဲလား"

သူတို့နောက်က လိုက်လာပြီး ပြောနေသည့်အသံကို ကြားသော်လည်း လျှံက ခြေလှမ်းကိုမရပ်။ တိမ်ယံပါ သူ့ခြေလှမ်းကျဲကြီးနောက်မှာ ကန့်လန့်ကန့်လန့်။

"ဟုတ်ပါတယ်။ ရုတ်တရက်မို့ ငါမမှတ်မိလိုက်တာ။ ဒီတစ်ယောက်ပါပဲ။ ဟိုတုန်းက ဖြူဖြူသေးသေးလေးက ဒီပုံစံ ဖြစ်လာတာကိုး။ အများကြီး ကြည့်ကောင်းလာတာပဲ"

Romeo & RomeoWhere stories live. Discover now