Chapter 27 (Final)
တကယ်ကို အားလုံး ပြီးဆုံးသွားပြီဖြစ်သည်။ လျှံ့အဖေ ဦးလျှံထက်ညီးသည် သေနတ်ဒဏ်ရာနှင့်ပဲ ကွယ်လွန်ခဲ့ကာ တိမ်ယံ့အဖေဦးမိုးမြင့်သာက ထိုလူသတ်မှုအတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။ ဦးမိုးမြင့်သာ၏တပည့် သေဆုံးရခြင်းကတော့ မိမိကိုယ်ကို ခုခံကာကွယ်မှုအဖြစ် သတ်မှတ်ခံရတာကြောင့် လျှံက ပြစ်ဒဏ်စီရင်ခြင်း မခံခဲ့ရ။ တိမ်ယံ့အမေလည်း ထိတ်လန့်အံ့ဩမှုကြောင့် ရှော့ခ်ရပြီး မေ့လဲသွားရာကနေ ရက်အနည်းငယ် ဆေးရုံတက်ရပြီး သက်သာသွားခဲ့သည်။
လျှံလည်း အလုပ်ထွက်ခွင့်ကျပြီ။ တိမ်ယံကလည်း သူ့စကားအတိုင်း အလုပ်ထွက်ပစ်လိုက်ပြီ။ ထို့နောက် နှစ်ယောက်သား ဘာအလုပ်မှ မလုပ်ကြသေးဘဲ မြို့စွန်ကအိမ်လေးမှာ သာသာယာယာ နေခဲ့ကြသည်မှာ လနှင့်တောင် ချီခဲ့ပြီ။
"အချစ် လာမြည်းကြည့်ပေးဦး"
"မမြည်းတော့ဘူး။ အနံ့နဲ့တင် အခြေအနေမကောင်းမှန်း သိနေပြီ"
"အဲ့လောက် မဆိုးပါဘူးကွာ"
"အဲ့ထက် ပိုဆိုးတာကွ။ ဒီမှာကြည့်ဦး။ မင်းကြက်သွန်တွေ တူးနေတဲ့အနံ့က ကြက်ကုန်းဘောင်ဆိုတဲ့အတိုင်းပဲ ကုန်းဘောင်ခေတ်ကတောင် အနံ့ရလောက်တယ် လျှံမိုးစက်ခွင်းရဲ့"
"အဲဒါ သင်ပေးတဲ့ဆရာ အသုံးမကျလို့"
"ဘာဆိုင်လဲ။ ဟင်းချက်တဲ့နေရာမှာ မင်း ပါရမီ ပါမလာဘူးဆိုတာသာ ဝန်ခံလိုက်စမ်းပါ။ သွား... ခေါက်ဆွဲပဲသွားပြုတ်တော့။ မင်းလက်တည့်စမ်းလိုက်တာ ငါဝယ်ထားတဲ့ ကြက်သားတွေလည်း ကုန်ပါပြီ။ ညနေကျ ဘာချက်စားကြမလဲ"
"ကြက်သားလေး ငါးဆယ်သားလောက်နဲ့ အပြောအဆို ခံရသေးတယ်။ ပြန်ဝယ်ပေးမယ် ဟေ့ကောင်"
"မင်းဝယ်နိုင်ရင် သွားဝယ်။ ဒီနဲ့စျေးနဲ့က ကားနဲ့သွားရင်တောင် မိနစ်နှစ်ဆယ်လောက် သွားရတာ။ ငါကတော့ အားတိုင်းယားတိုင်း မသွားနိုင်ဘူး"
"ငါသွားမယ်။ ကြက်သားရော၊ ဝက်သားရော၊ ဆိတ်သားရော မင်းတစ်ကိုယ်လုံး ဖို့သတ်လို့ရအောင်ပါ ဝယ်ခဲ့လိုက်ဦးမယ်"
YOU ARE READING
Romeo & Romeo
General FictionType - bl Genre - Drama Warning - Domestic abuse, Sexual assault