Chapter 26.2 (U)

207 9 0
                                    

Chapter 26.2

ပြောရတော့မည့် အကြောင်းအရာတွေသည် သူမရင်ကို ထိခိုက်စေသော ဖြစ်ရပ်များမို့ ဒေါ်ဝေမာ အတော်ကို အချိန်ယူလိုက်ရသည်။ ရေအေးအေးကို သောက်နေရတာတောင် ရင်ထဲက အပူတွေသည် ငြိမ်းမသွား။ နှစ်ပေါင်းများစွာ ကြာသည်ထိတောင် မောင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရသော အစ်မတစ်ယောက်၏သောကသည် ပြေပျောက်မသွားနိုင်သေး။

တကယ်ဆို ဒီအကြောင်းတွေကို သူမနှုတ်က ဖွင့်ဟပြီး ထုတ်ပြောမနေချင်ပါ။ နာကျင်ရလွန်းသည်။ ပင်ပန်းရလွန်းသည်။ သို့သော် ပြောမှဖြစ်မည်။ ပြောဖို့လည်း သူမကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့ရခြင်း၏ အကြောင်းရင်းကတော့ သူမရှေ့မှာ ထိုင်နေသော ကောင်လေးကြောင့်ဖြစ်သည်။

ဒီကောင်လေးနှစ်ယောက် သူမတို့အိမ်ကို တံခါးလာခေါက်ပြီး နွေမင်းထင်အကြောင်း လာမေးသည့် နေ့ကတည်းက လျှံ့ကို သူမ သတိထားမိခဲ့သည်။ နုဝေနှင့် တစ်ပုံစံတည်းတူနေသော ရုပ်ရည်သည် ထင်ရှားလွန်းနေသည်မလား။

ထိုနေ့က သူမ အလွန့်အလွန်လည်း ထိတ်လန့်သွားခဲ့ရသည်။ နုဝေ၏သားနှင့် အတူပါလာသော ကောင်လေးသည် မိုးမြင့်သာ၏သားတဲ့။ ပြီးတော့ နုဝေသားက ထိုကောင်လေးကို 'အချစ်' လို့ ခေါ်လိုက်တာကိုလည်း သူမ ကြားလိုက်ရသည်။

ဒီကောင်လေးနှစ်ယောက် ငယ်စဥ်ကအကြောင်း နုဝေပြောဖူးလို့ သူမ သိပါသည်။ သို့သော် လျှံထက်ညီးက ခွဲပစ်လိုက်လို့ ကွဲသွားပြီလို့ပဲ ထင်ခဲ့တာ။ အခုတော့ ကံကြမ္မာက ပြန်ဆုံစည်းခွင့် ပေးခဲ့ပြန်ပြီထင်သည်။ ကမ္ဘာကြီးကလည်း ကျဥ်းလွန်းပါလား။

ကောင်လေးနှစ်ယောက်သည် သူမဆီမှ ထွက်လာမည့် စကားတို့ကို ငံ့လင့်နေကြသည်။ သူမသာ အိမ်ထောင်ပြုဖြစ်ခဲ့လျှင် သူမသားအရွယ်လောက်ရှိမည့် ကလေးတွေ။ ဘယ်လိုပဲ အရွယ်ရောက်ပြီး ယောက်ျားသားတွေ ဖြစ်နေစေဦး အခုလို စိုးရိမ်တကြီး မျက်နှာလေးတွေနှင့် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ကာ ထိတ်လန့်နေကြသော ပုံစံလေးတွေသည် ကလေးလေးတွေပဲမလား။

"နွေမင်းထင်နဲ့ လျှံထက်ညီးက တက္ကသိုလ်မှာပဲ စတွေ့ခဲ့ကြတာ။ တွဲခဲ့တာတော့ သူတို့ အတည်တွဲခဲ့ကြတာပဲ။ မျှမျှတတ ပြောပေးရရင် လျှံထက်ညီးက အန်တီ့မောင်ကို တကယ် ချစ်ခဲ့ရှာတယ်။ ဘာမဆို နွေမင်းထင်သဘော"

Romeo & RomeoWhere stories live. Discover now