သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၇)
အလှူငွေကို အများကြီးထည့်လိုက်မိသည့် ကိစ္စကို ခင်မြတ်တင့်က သတိရတိုင်းပြောနေ၍ ကြာလာသည့်အခါ သူ စိတ်ညစ်မိလေသည်။ အိမ်ကို အလှူခံများလာလျင် ခင်မြတ်တင့်က်ုသာ ကိုယ်တိုင်ထည့်ခိုင်းလိုက်ရသည်။ တစ်ခါတလေ ခင်မြတ်တင့် မရှိသည့်အချိန် အလှူလာခံလျှင် မိန်းမ မရှိသေးဘူးဟု ပြောရသည်မှာလည်း မျက်နှာပူရလေသည်။
အိမ်မှာ သားသမီးလေး တစ်ယောက်လောက်သာ ရှိနေခဲ့လျှင် ဘယ်လောက်ကောင်းလိုက်မလဲဟု သူတွေးမိ၏။ အလှူခံလာလျှင် ကလေးကို အိမ်ရှေ့ထွက်ခိုင်းပြီး လူကြီးတွေမရှိသေးဘူးဟု ပြောခိုင်းလျှင် မျက်နှာပူစရာမလိုတော့ပေ။ အခုတော့ သူ့မှာ မိန်းမ မရှိသေးဘူးဟု ပြောရသည်မှာ မျက်နှာလည်းပူရ၏။
အိမ်မှာ တစ်ယောက်ထဲ ကျန်ကျန်ရစ်ခဲ့၍ ပြင်းစရာလည်းကောင်းလှသည်။ သူ အလုပ်ထွက်လုပ်တာကိုလည်း ခင်မြတ်တင့်ကမကြိုက်၍ သူ့မှာ ထွက်မလုပ်ရပေ။ အိမ်ထဲ တစ်ယောက်ထဲနေနေရချိန် ကလေးတစ်ယောက်လောက်ရှိဖို့ကို သူတောင်းတမိ၏။
"မောင်...ဘာတွေ မှိုင်နေတာလဲ။ ဘာဟင်းချက်ထားလဲ"
အပြင်ကနေ ပြန်လာလျင် ခင်မြတ်တင့်မေးနေကြ စကားတစ်ခုသာဖြစ်လေသည်။
"ကြက်အသဲမြစ်ချက်ထားတယ်။ တင့် အကြိုက်လေ"
"တယ် ဟုတ်ပါလား။ ဒါနဲ့ ဘာတွေမှိုင်နေတာလဲ"
သူက ချက်ချင်းပြန်မဖြေဘဲ ခင်မြတ်တင့်ကို သေချာစိုက်ကြည့်ကာ ခင်မြတ်တင့်ဝင်ထိုင်လိုက်သည့် ခုံမှာပဲဘေးချင်းကပ် ဝင်ထိုင်လိုက်၏။
"တင့်..."
"ဟင်..."
"ကလေးယူရအောင်"
ခင်မြတ်တင့်က မျက်နှာပျက်သွားလေသည်။
"မောင် ကလေးယူချင်တယ်။ တင့် မွေးပေးပါတော့နော်။ "
"နေပါဦး...နောက်မှ ယူလည်းရတာပဲ"
"မောင်က တအားယူချင်နေပြီတင့်ရယ်။ မွေးပေးစမ်းပါ"
"အို...ကလေးတစ်ယောက်မွေးတာ လွယ်တယ်မှတ်လို့လား။ ကလေးမွေးရင် အလုပ်တအားရှုပ်မှာ။ အခု တင့်မယူချင်သေးဘူး။ မောင့်ကိုလည်းပြောပြီးသား။ အိမ်ပိုင် ဝယ်နိုင်မှ ကလေးယူကြမယ်ဆိုတာ"
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...