part 25

1.1K 44 5
                                    

သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၂၅)

အစီစဉ်မကျဘဲ ထွက်လာခဲ့ရသည့်ခရီး၌ တင့်က အလိုမကျ၊ ဘဝင်မကျမှုတွေ များနေသော်လည်း အုန်းချောရောက်သည်ထိ ဘာမှမပြောဘဲ လိုက်ပါလာခဲ့၏။ အလုပ်ဆိုက်ထဲရောက်သည့်အခါ အဖွဲ့တွေနေဖို့ ကိုယ်စီကိုယ်စီနေရာချနေကြသလို သူကလည်း တင့်နှင့်စိမ့်စိမ့်တို့နေဖို့ နေရာကို သေချာစီစဉ်နေရသည်။

"တင့်....အဆင်ပြေလား"

သူနေရာချပေးထားသည့် နေရာမှာ တင့်တို့ပစ္စည်းတွေစီနေတုန်း သူကမေးသည်။ တင့်က ခေါင်းသာတစ်ချက်ညိတ်ပြ၏။ စိမ့်စိမ့်ကတော့ ဘာမှမပြော ခရီးထွက်လာရတာကိုပင် သဘောကျနေလေသည်။ အုန်းချောဒေသက နွေ‌ရာသီအတော်လေးပူလေသည်။ တင့်အတွက် ပူလွန်းသည့် ဒဏ်ကို အတော်လေးခံရ၏။

ညဘက်အိပ်သည့်အခါ စိမ့်စိမ့်နှင့် တင့်က အတူအိပ်သည်။ သူက ရှေ့ဘက်အခြမ်းမှာ တစ်ယောက်ထဲအိပ်၏။ ပျဉ်ဟောင်းများနှင့် တာလပတ်ဟောင်းများကိုသုံးပြီး အဆင်ပြေအောင်နေဖို့ လုပ်ထားရသည်မို့ နေရာကသိပ်တော့မကောင်းပေ။ လုပ်ငန်းခွင်မှာ ဒီလိုပဲနေကြရသည်မို့ သူ့အတွက်က အဆင်ပြေပေမဲ့ တင့်အတွက် အဆင်မပြေမှာကိုပဲ စိုးရိမ်ရလေသည်။

သို့သော တင့်ကတော့ ဘာမှမပြောပေ။ အေးအေးဆေးဆေးနေပေးနေသည်ကိုပဲ သူကျေးဇူးတင်လှ၏။

"မနက်ကြရင် အမိချက်ပြုတ်ဖို့ သေချာလုပ်နော်"

ညကတည်းက သူ စိမ့်စိမ့်ကို သေချာမှာရသည်။ စိမ့်စိမ့်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေသည်။ သို့သော် မနက်ကြမှ စလွဲလေသည်။ စိမ့်စိမ့်က အုန်းချောဈေး ဘယ်မှာရှိမှန်းမသိဘူးဟုဆိုကာ အလုပ်လုပ်သည့်နေရာထိ ရောက်လာ၏။ ထိုအခါ ချက်ပြုတ်ဖို့နောက်ကျလေသည်။ နောက်မှ သူနှင့်မတူပါလာသည့် လွမ်းဘိုကို ထည့်ပေးလိုက်ရ၏။

ဈေးကို လွမ်းဘိုနှင့်အတူတူသွားရသည့် စိမ့်စိမ့်က အဆင်ပြေပြေပြန်ရောက်လာသည်။ ထမင်းဟင်းချက်သည့်အခါ တစ်ယောက်ထဲမနိုင်၍ လွမ်းဘိုကပဲ ကူပေးသည့်အခါ အတော်လေးအဆင်ပြေနေသည်။ သို့သော် စိမ့်စိမ့်နှင့် လွမ်းဘိုဆိုသည့်ကောင်လေး နီးနီးကပ်ကပ်ရှိနေသည်ကို တင့်မှာ ဘဝင်မကျလှပေ။

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now