part 2

2.9K 85 0
                                    

သူစေညွှန်ရာ ဦးညွတ်စေ (အပိုင်း ၂)

ပိုက်ဆံသိမ်းသည့် ကိစ္စဖြင့် တင့်နှင့်သူ ပြဿနာဖြစ်ပြီး တင့်ကို ပိုက်ဆံနှင့်ပတ်သတ်လို့ သူ ဘာမှမပြောတော့ပေ။ ထို့ကြောင့် အတူပေါင်းသင်းနေထိုင်သည့် သုံးနှစ်အတွင်း တင့် ပိုက်ဆံတွေဘယ်မှာ ထားသည်ကို စိတ်လည်း မဝင်စားသလို မေးလည်း မမေးခဲ့ပေ။ ထို့ကြောင့် စိမ့်က ပိုက်ဆံသွားယူဖို့ ပြေလာသည့်အခါ သူ ခေါင်းခါလိုက်မိသည်။

"တစ်နေရာရာကနေ သွားလှည့်ကြည့်မယ်။ ပြီးရင် ကိုကိုပြန်လာခဲ့မယ်။ အမိ ဒီမှာပဲနေခဲ့"

"ကိုကိုက ဘယ်မှာ သွားရှာမလို့လဲ"

"ဒီလိုပဲ သွားရှာကြည့်ဦးမယ်"

"သွားမနေနဲ့ကိုကို။ ကိုကို့ကို ပိုက်ဆံများများ ချေးပေးနိုင်တဲ့လူ ရန်ကုန်မှာ ဘယ်သူရှိလို့လဲ။ စိမ့်ရဲ့ ဆွဲကြိုးပဲ သွားရောင်းလိုက်မယ်"

သူ မတားမိပေ။ စိမ့် ပြောသလို ရန်ကုန်မှာ သူ့ကို ပိုက်ဆံများများ ချေးပေးနိုင်သည့်လူက ဘယ်သူမှရှိမနေပေ။ ထို့ကြောင့် စိမ့် ဆွဲကြိုးသွားရောင်းမည်ကို ခေါင်းညိတ်လိုက်ရသည်။ သူတို့မောင်နှမ နှစ်ယောက်ဟာ မသက်ဆိုင်တော့သည့် သူစိမ်းတစ်ယောက်အတွက် စိတ်ရှုပ်ခံနေမိသည်။ ဒါဟာလည်း သူ့စိတ်တွေဟာ ဇနီးဟောင်းပေါ် ကျန်ရှိနေသေးသည်ဟု အဓိပါယ် ပေါ်လွင်နေလေသည်။

"မောင့်စိတ်တွေ မင်းအပေါ်မှာ ကျန်ရှိနေသေးရင်တောင် မောင်ကတော့ မင်းအနားပြန်မလာချင်ဘူးတင့်ရယ်"

စိမ့် ထွက်သွားသည့်အခါ ခင်မြတ်တင့်၏ ခုတင်နားကို သူ သွားကြည့်သည်။ အရပ်ရှည်ရှည် ကိုယ်လုံးလှလှနှင့် ဆံပင်ရှည်‌တွေ တင်ပါးကျော်သည်ထိ လှသည့် သူ့ဇနီးဟောင်းဟာ ခုတင်ပေါ်မှာ ငြိမ်သက်နေလေသည်။ အရင်ကလို လှပမှုတွေက ထင်ပေါ်မနေဘဲ လူနာဆိုသည့် အမင်္ဂလာနာမ်တစ်ခုနှင့် လှဲလှောင်းကာ ငြိမ်သက်နေရလေသည်။

တစ်နေကုန် အိမ်မကပ်ဘဲ အလုပ်တွေပတ်ရှုပ်နေတတ်သည့် ခြေထောက်လေးများဟာ အခုတော့ ပတ်တီးအဖွေးသားဖြင့် လှုပ်ပင်မလှုပ်ပေ။ သူ့ကို နာနာကျင်ကျင်ခံစား သွားရအောင် ပြောဆိုတတ်သည့် နူတ်ခမ်းလေးများကလည်း အခုတော့ တိတ်ဆိတ်နေလေသည်။ ကွာရှင်းပြီး တစ်နှစ်ကျော်မှ ပြန်တွေ့ရသည့် ဇနီးဟောင်းဟာ သူ့
ကို ‌မှိတ်ထားသည့်မျက်လုံးများ၊ တိတ်ဆိတ်နေသည့် နှုတ်ခမ်းများနှင့် ငြိမ်သက်စွာ ဆီးကြိုနေခဲ့သည်။

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now