သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၅)
အိမ်ကနေ တင့်က အလုပ်ပြီးလျှင်တန်းပြန်လာဖို့ မှာလိုက်သည်ကို မြေဝယ်မကျနားထောင်ဖို့ ဆုံးဖြတ်ခဲ့သော်လည်း အလုပ်ပြီးသည့်အခါ အကြောင်းကပေါ်လာလေသည်။
ဦးနေက သူ့အိမ်တွင် ထမင်းလိုက်စားဖို့ ခေ့်သည်။ သူတို့တစ်ဖွဲ့လုံးကို ဦးနေ၏ ဇနီးက ချက်ပြုတ်ကျွေးဖို့ ပြင်ဆင်ထားပြီးကြောင်း ပြောသည်။ ထို့ကြောင့် သူ့မှာ ငြင်းရခက်၏။ တစ်ဖွဲ့လုံးကို ထမင်းကျွေးမည့် ကိစ္စ၌ သူက တစ်ယောက်ထဲ ကွက်ပြီး ပြန်ဖို့ရာ မကောင်းပေ။ ထို့ကြောင့် သူပါ အတူလိုက်ပါလာရ၏။
"ကိုမင်း...ထည့်...စားနော် အားမနာနဲ့။"
တောသားပီပီ သူ အစားကြီးပြီး များများစားနိုင်သည်ကို သိထားသည့် ဦးနေ၏ဇနီး ဒေါ်ချွဲပုံက သူ့ကိုထည့်စားခိုင်းလေသည်။ ထမင်းစားလျှင် သုံးပန်းကန်လောက် အသာလေးစားနိုင်သည့် သူဟာ အခုတော့ တစ်ပန်းကန်ကိုပင် အမြန်စားပြီး မြန်မြန်ပြန်ချင်နေ၏။
"တော်ပြီ အစ်မ"
"ထည့်ပါဦးဟယ်...လွမ်းဘိုတောင် စားနေတာ အားရပါးရ။ ကျော်သူရတိူ့လည်း စားနေကြတာ။ နင်တစ်ယောက်ထဲ ဘာလို့ တော်ပြီလဲ"
"ကျွန်တော့်မိန်းမက အိမ်ကို တန်းပြန်လာဖို့ မှာထားလို့။ တော်ကြာ အိမ်ရောက်လို့ ထမင်းမစားရင် မေးနေမှာစိုးလို့ပါ အစ်မ"
"မေးလည်း အပြင်ကနေ စားခဲ့တယ်။ အစ်မတိူ့ ဦးနေတို့က ကျွေးလို့ စားခဲ့တယ်လို့ပြောလိုက်ရင် ပြီးနေတာပဲကွယ်"
"အန်တီချွဲပုံ မသိလို့ ကိုမင်းမိန်းမက မရဘူးဗျ...ဟဲဟဲ...."
လွမ်းဘိုက အကြောင်းသိနေသည်မို့ ဝင်ပြော၏။ မင်းသုတကျော်၏ မိန်းမ ဒေါ်ခင်မြတ်တင့်ဆိုတာ ဘယ်လောက်ထိ မင်းသုတကျော်ကို နိုင်စားသလဲ အကုန်သိကြလေသည်။
"ဟယ်...ဟုတ်ရဲ့လားကွယ်။ ကန်ခရိုက်အိမ်က ထမင်းကျွေးတာကိုတော့ ပြောမယ်မထင်ပါဘူးကွယ်။"
"နောက်မှ အန်တီချွဲပုံကို အစ်မခင်မြတ်တင့်ကိုပြဦးမယ်"
ဦးမေတို့ရော ကျန်သည့်လူတွေပါ ရယ်လိုက်ကြလေသည်။ သူကတော့ ထမင်းသာမြန်မြန်စားပြီး အကုန်လုံးကို နူတ်ဆက်ကာ ပြန်ခဲ့လေသည်။ သူ့ကိုကြည့်ပြီး အကုန်လုံးက ပြုံးစ်စိဖြင့် ကျန်ရစ်ခဲ့၏။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...