part 9

1.6K 55 1
                                    

သူစေညွှန်ရာ ဦးညွတ်စေ(အပိုင်း ၉)

တကယ်တမ်းကွာရှင်းပြီးသည့်အချိန် သူ့မှာ နေ့နေ့ညည အိပ်မရခဲ့ပေ။ ဒေါသအလျှောက် စိတ်တိုပြီး ကွာရှင်းခဲ့သလို ခင်မြတ်တင့်၏ အနိုင်ယူမှုတွေကို စိတ်ဆိုးဥ ကွာရှင်းခဲ့ပေမဲ့ တကယ်တမ်းကြတော့ မုန်းနေခဲ့တာ မဟုတ်ပေ။ ရပ်ကွက်ရုံးမှာ ကွာရှင်းစဉ်က ခင်မြတ်တင့်မှာ မျက်ရည်ကြီးငယ် ကျပြီး လက်မှတ်ထိုးပေးပုံက သူ့ကို ပိုလို့အိပ်မပျော်အောင် လုပ်နေလေသည်။

"တင့် မောင့်ကို မကွာပေးနိုင်ဘူး" ဟု တစ်ခွန်းလောက်သာ ပြောခဲ့လျှင် သူဟာ ခင်မြတ်တင့်၏ ခြေဖဝါးအောက် မြွေဆွယ်ကျိုးသလို ခယဖို့လည်း ဝန်လေးမည်မဟုတ်ပေ။ အခုတော့ ခင်မြတ်တင့်ဟာ သူ့ကို သူမ၏မာနလောက်တောင် တန်ဖိုးမထားခဲ့ပေ။ ရက်ရက်ရောရော ကွာရှင်းပေးခဲ့လေသည်။

အရင်က နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ ငှားထားသည့် အိမ်ကလေးကို ခင်မြတ်တင့်က ပြန်အပ်သွားသည်။ သူမ၏ အရင်အိမ်ကလေးမှာသာ ပြန်နေ၏။ သူနှင့် ကွာရှင်းပေမဲ့ အမေနှင့် စိမ့်စိမ့်ဆီကိုတော့ ခင်မြတ်တင့် တစ်ယောက် အဝင်အထွက်မပြတ်ခဲ့ပေ။ စိမ့်စိမ့်ပင်လျှင် ခင်မြတ်တင့်၏ ဘက်တော်သား ဖြစ်သလို အမေကလည်း ခင်မြတ်တင့် ထောက်ခံသူဖြစ်လာခဲ့သည်။

"ကိုကို မှားတယ်။ "

စိမ့်စိမ့်က ယောင်းမဖြစ်သူဘက်ကနေနာ၍ သူ့ကို အပြစ်တင်ခဲ့သည်။ ခင်မြတ်တင့်ကို ရိုက်ခဲ့မိသည့်သူ့ကို လူကြမ်းဟု သတ်မှတ်သည်။ ခင်မြတ်တင့်ကို အရင်ကွာရှင်းဖို့ ပြောခဲ့သည့်သူသာလျှင် မှားနေသည့် လူတစ်ယောက်ဖြစ်ခဲ့၏။

ခင်မြတ်တင့်နှင့် ကွာရှင်းခဲ့ပေမဲ့ သူ့မှာ ခင်မြတ်တင့်နွံကနေ ရုန်းမထွက်နိုင်သေးပေ။ ခင်မြတ်တင့် မကြိုက်သည့် ပန်းရံအလုပ်ကို သွားမလုပ်သလို တခြားအလုပ်လည်း လိုက်မရှာမိပေ။ တစ်နေ့တစ်နေ့အိမ်ထဲမှာပဲ သောင်တင်နေခဲ့သည်။ အဖေက ရွာကို ပြန်ခေါ်ပေမဲ့ ရွာကိုလည်း သူ မပြန်ချင်ပေ။ ခင်မြတ်တင့်ကို ချစ်နေသေးတာလားဟု မေးလျှင် သူအမှန်တိုင်း ဝန်ခံသည်။ ချစ်သည်။

သို့သော် ပြန်ပေါင်းဖို့တော့ သူ့ဘက်ကနေ ဘယ်တော့မှ စပြောမည်မဟုတ်ပေ။ ချစ်ခဲ့မိသလောက်လည်း နာခဲ့၏။ နွံထဲက ရုန်းမထွက်နိုင်လျှင်တောင် နောက်ထပ်နွံအသစ်ကို သူ မလိုချင်တော့ပေ။ သူဟာ ဆုံးဖြတ်ချက်ကို မပြင်ဖို့ သဌိဌာန်ချခဲ့၏။
......... ........... ...........  ............

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now