သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၃)
ခင်မြတ်တင့်နှင့် တပူးပူး တတွဲတွဲသွားလာနေသည့် သူ့ကို ရွာထဲက လူတစ်ချို့က ထင်ကြေးပေးကြသည်။ ခင်မြတ်တင့်နှင့် သူ ညိကြမည့်အကြောင်းပင်။ သူက အနေအေးလွန်း၍ ခင်မြတ်တင့်က သူ့ ဆိုင်ကယ်ကိုသာ ယုံကြည်ပြီး လိုက်စီးကြောင်းပြောပေမဲ့ ရွာထဲက လူတွေက ရိသဲ့သဲ့စကားနာ ထိုးကြလေသည်။
"ဟုတ်ရဲ့လား...ရန်ကုန်သူက တို့ရွာသားကိုများ ချိန်နေသလားလို့။"
ခင်မြတ်တင့်ကို ထိုသို့မေးသည့်အခါ ခင်မြတ်တင့်အစား သူက နာမိသည်။ ခင်မြတ်တင့်ကို နောက်ခါ ဆိုင်ကယ်နှင့်မခေါ်တော့ဘူးဟု ဆုံးဖြတ်ချက်ချမိသည်။ သို့သာ် သူက စိတ်ဆိုးသလောက် ခင်မြတ်တင့်က တစ်ချက်မှ စိတ်မဆိုးပေ။
"အင်း ... ထီလာသားတွေ ကာင်းတယ်ဆိုလို့ ရန်ကုန် အပါခေါ်သွားရင် ကောင်းမလားလို့လေ"
ခင်မြတ်တင့်က အရွှန်းဖောက်၍ ပြန်နောက်သည့်အခါ သူ့မျက်နှာဖျင်းခနဲ ဖြစ်သွားရလသည်။ သို့သော် ခင်မြတ်တင့်က ရွာသားတွေရှေ့မှာတင် သူ့ကို မေးလေးငေါ့ပြကာ...
"ရှင်တို့ ထီလာသားကတော့ မဟန်ပါဘူး။ တုံးတယ်"
ဒါတော့ သူ မခံချင်ဖြစ်သွားမိသည်။ ထီလာသားတွေ ဘယ်လောက် သတ္တိရှိတယ်ဆိုတာ ခင်မြတ်တင့်ကို သိစေချင်သည်။ အနေအေးသည်ကို တုံးသည်ဟု ပြောတာကိုလဲ သူ မခံချင်ပေ။ ထိုနေ့က ခင်မြတ်တင့်ကို ဒေါ်အုန်းမြအိမ် ပြန်လိုက်ပို့ပေးရင်း လမ်း၌ ဆိုင်ကယ်ကို ရပ်ကာ...
"ကျုပ်ကို မခင်မြတ်တင့် ယူမလား။"
ရုတ်တရက် ခင်မြတ်တင့်က ကြောင်သွားကာ ဘာပြောရမှန်းမသိဖြစ်သွား၏။ သူ့ကို ပြူးကြောင်ကြောင် ကြည့်နေသည်။ ပြီးမှ သွားလေးတွေ ခပ်ရေးရေးပေါ်အောင် ရယ်လိုက်လေသည်။ သူကတော့ မျက်နှာကို မှုန်ကုတ်ထားဆဲဖြစ်သည်။
"ကျွန်မကို ဘာလို့ အဲ့သည့်လို မေးရတာလဲ ကိုမင်းသုတကျော်"
"မခင်မြတ်တင့်ပဲ ထီလာသားကို ရန်ကုန်အပါခေါ်သွားမယ်ဆို"
"ကိုမင်းသုတကျော်က ရန်ကုန်လိုက်နိုင်လို့လား"
"ထီလာသားကို စိန်မခေါ်နဲ့။ မလုပ်နိုင်တာ မရှိဘူး။ မခင်မြတ်တင့် ခေါ်ရဲရင် ကျုပ်က ဘာလို့မလိုက်ရဲရမှာလဲ"
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...