သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၇)
ဘာစကားမှမပြာဘဲ အိပ်ရာထပ်မှာလှဲနေသည့် တင့်ကိုကြည့်ရင်း သူ့ရင်တွေမွှန်းကြပ်လွန်းလှသည်။ သူ တတွတ်တွတ်တောင်းပန်နေပေမဲ့ တင့်ဟာ မျက်ရည်ကျယုံအပြင် ဘာမှ မတုံ့ပြန်ပေ။ နူတ်ကဆနတော့ တမင်တကာ ရေရွတ်နေသည့် စကားကြမ်းကြမ်းတွေကို ထုတ်လွှင့်နေလေသည်။
တင့်ဘေးမှာ နေနေရင်း စိမ့်စိမ့်ကို စောင့်နေမိပေမဲ့ စိမ့်စိမ့်ကလည်း တော်တော်နှင့်ပြန်မလာပေ။ သူ လိုက်သွားချင်ပေမဲ့ တင့်ကို တစ်ယောက်ထဲ မထားရစ်ခဲ့နိုင်ပေ။
"တင့်..."
သူခေါ်လည်း တင့်က ဘာမှမတုံ့ပြန်ပေ။
"အဲ့လို မနေပါနဲ့တင့်ရာ။ မောင့်ကို ပြန်ရိုက်ပါ။ မောင့်ကို အရင်လို အာ်ဟစ်လိုက်ကွာ...."
သူအော်နေပမဲ့ တင့်က ဘာမှကို ပြောချင်းမရှိတော့ပေ။ သိပ်မကြာသည့်အခါ အိမ်ရှေ့မှာ ရုန်းရင်းဆန်ခက်အသံတွေကြားလိုက်ရ၏။ သူထွက်ကြည့်သည့်အခါ စိမ့်စိမ့်ဖြစ်သည်။ စိမ့်စိမ့်ကို လူတစ်ယောက်က အတင်းဆွဲခေါ်ပြီး အိမ်ထဲထိတရွတ်တိုက်ဆွဲလာ၏။ ထိုမြင်ကွင်းကြောင့် သူ ဒေါသထောင်းခနဲဖြစ်သွားသည်။ ညီမဖြစ်သူကို ကြက်ကလေး ငှက်ကလေးတစ်ကောင်လို ဆွဲခေါ်ခံလာရသည်ကို မြင်သည့်အခါ သူအိမ်ရှေ့ကို ပြေးထွက်သွားပြီး ထိုလူကို ဆွဲထိုးပစ်လိုက်မိသည်။
"ကိုကို...."
စိမ့်စိမ့်က အစ်ကိုဖြစ်သူကိုမြင်တော့ ပြေးဖက်ပြီးငိုသည်။ သူကလည်း စိမ့်စိမ့်ကို ပွေ့ဖက်ထားလိုက်ပြီး နောက်ကိုပို့ကာ ကာထား၏။ အထိုးခံလိုက်ရသည့်လူက သူတို့နှစ်ယာက်ကို စေ့စေ့ကြည့်နေသည်။ မင်းသုတကျော်မှာလည်းဘသူ့ရှေ့တင်ညီမဖြစ်သူကို ထိုသို့ပြုမူတာမြင်ရသည့်အခါ ထူပူနေလေသည်။ ထပ်ထိုးဖို့သာ တာဆူနေမိသည်။
"မင်းက ဘယ်ကကောင်လဲ။ ဘာလို့ငါ့ညီမကို ဒီလိုလုပ်တာလဲ။ ဟိတ်ကောင်ပြောလေ..."
လူဇော်က ချက်ချင်းပြန်မဖြေသေးပေ။ မင်းသုတကျော်၏ နောက်မှာပုန်းပြီး ငိုနေသည့် စိမ့်စိမ့်ကိုသာ အံကြိတ်ပြီးကြည့်နေသည်။ ထို့နောက် လက်ညိုးထိုးကာ အံကြိတ်ရင်း ယောက်ျားကြီးတန်မဲ့ မျက်ရည်က ကျလာ၏။ ဒါကိုမြင်လိုက်ရသည့် မင်းသုတကျော်မှာ အံ့ဩမှင်သက်သွားသည်။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...