သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၁၄)
စောင်တွေလျှော်ပြီးမှ ရေချိုးလိုက်ရ၍ မိုးပင် အတော်လေးချုပ်သွားခဲ့သည်။ သူ အဝတ်စားလဲပြီး ထမင်းစားဖို့ လုပ်သည့်အခါ စိမ့်စိမ့်က ထမင်းခူးပေး၏။ ပြီးမှ သူ့ဘေးမှာ ထိုင်ပြီးတိုးတိုးလေး စကားကပ်ပြောသည်။
"ကိုကို....ဟိုလေ...."
"ဘာပြောမလို့လဲ အမိ"
"မနက်က မမတင့် တအားငိုနေတယ်သိလား။"
သူကြားသားပင်။ စိမ့်စိမ့်က စကားအစချီတော့ သူ မသိသလိုသာ နားထောင်နေ၏။
"ကိုကိုက မမတင့်ကို အတင်းကလေးယူခိုင်းနေတော့ မမတင့် စိတ်ဆင်းရဲနေတာ။ မမတင့် သနားပါတယ်ကိုကို။ နောက်မှ ကလေးယူခိုင်းလို့မရဘူးလားဟင်။"
"အမိကို သူက ရှေ့နေငှားထားသလား"
"မဟုတ်ပါဘူး...ကိုကိုရယ်။ စိမ့်က မမတင့်ကို သနားလွန်းလို့ပါ။ သူ့မှာ ခြေထောက်ကလည်း မကောင်းရတဲ့ကြားထဲ ဗိုက်ပါကြီးရဦးမယ်ဆိုရင် စိတ်ညစ်မှာပေါ့ ကိုကိုရယ်"
"အဲ့ဒါ ကိုကိုနဲ့တင့် ကိစ္စ။ အမိ အသာလေးငြိမ်ငြိမ်နေ။ ဝင်မပါနဲ့။"
"ကိုကိုကလည်း...."
"ကိုကိုလဲ မလည်းဘူး....အမိလည်း တင့်ဘက်ကိုပဲ ကြည့်မနေနဲ့။ "
"ဟွန့်...."
စိမ့်စိမ့်က နူတ်ခမ်းလေးစူပြီး မျက်စောင်းထိုး၏။ သူရ စိမ့်စိမ့်ကိုကြည့်ပြီး....
"စောစောက အပြင်သွားတာ ဘာသွားဝယ်တာလဲအမိ"
"ဘာမှ မဟုတ်ပါဘူး။ "
"ကယ်ရီနဲ့တောင် ထွက်ဝယ်တာကို ဘာမှမဟုတ်ဘူးလား။ လက်ထဲမှာ ကိုင်သွားတာတွေကို ကိုကိုမမြင်ဘူးလို့ အမိထင်နေသလား"
ဒီတော့မှ စိမ့်စိမ့်က သူ့ကို ကြည့်ပြီးဘုဆက်ဆက်ဖြေ၏။
"သိရင်လည်း ပြီးတာပဲ ကိုကိုရယ်။ တွေ့ပြီးပြီပဲကို ဘာလို့မေးနေသေးလဲ။ ကိုကိုဟာလေ...အရင်ကနဲ့လုံးဝမတူတော့ဘူး။ သိပ်စကားများတယ်သိလား"
"အမိ ...."
"ဟွန့်...."
စိမ့်စိမ့်က သူ့ကို မျက်စောင်းထိုးပြီး တင့် ရှိနေသည့်အခန်းထဲကို ဝင်သွားသည်။ သူ ထမင်းစားတာ မပြီးသေး၍ ဆက်ပြီး စားရင်းကျန်ရစ်ခဲ့ရသည်။ စောစောက စိမ့်စိမ့်သွားဝယ်သည့်အထဲမှာ အမျိုးသမီးလစဉ်သုံးတွေ ပါသလို သူ မသိသည့် အထုတ်ငယ်နှစ်ခုလည်းပါ၏။ အိတ်မဲဖြင့် ထည့်ထား၍ ဘာတွေမှန်းမသိလိုက်ပေ။ တင့် အတွက် တားဆေးတွေ သွားဝယ်ပေးနေသည်လားဟု စိတ်ပူသွား၏။ သို့သော်လည်း မနက်ကတင် စိမ့်စိမ့်က သွားမဝယ်ရဲဘူးဟု ပြောနေသံကြားထားသည်မို့ ဆေးတော့ မဟုတ်လောက်ဘူးဟုသာ တွေးလိုက်၏။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...