သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၀)
စိမ့်စိမ့် အတွက်ရင်မောရသည့် အဖြစ်အပျက်တို့မှာ တစ်ရက်ထဲနှင့် မပြီးစည်းခဲ့ပေ။ တင့်က သေသေချာချာ မပတ်သတ်ဖို့ ပြောထားသော်လည်း စိမ့်စိမ့်က ထိုလူနှင့် ဇာတ်လမ်းမပြတ်ရာ အိမ်ထိနောက်တစ်ခါ ရောက်လာလေသည်။
အိမ်ကိုရောက်လာသည့်အပြင် စိမ့်စိမ့်ကိုလည်း ထိုလူက ပိုင်ဆိုးပိုင်နင်း ပြောသည့်အခါ တင့်မှာခံရခက်လာ၏။
"စိမ့်...ထွက်လာခဲ့။ ကျုပ်ကိုမရှောင်နဲ့"
"ဒီမယ်...ကျွန်မ ညီမက ရှင်နဲ့မပတ်သတ်ချင်လို့ ရှောင်နေမှန်း သိရင်လည်း ပြန်ပါလားရှင်။"
"အခုလို ရှောင်နေလို့ရမလား။ မခင်မြတ်တင့်ရဲ့ညီမက ကျုပ်ကို ခဏခဏပလေးနေတာ ကျုပ်သည်းမခံနိုင်ဘူး။ အဲ့ဟာလေးကို ထွက်လာခိုင်းပေး။ ထွက်မလာရင် သူ့အခန်းထဲထိကြည့်ဝင်သွားမှာ"
"ရှင်ပြောလေ...ဆိုးလေပါလား"
"ကျုပ်ဘာသာ အေးဆေးနေတာ။ အဲ့ဟာလေးက လူကို လာကစားတာ ကျုပ်မခံနိုင်ဘူး။"
သူ့ကြည့်တော့ ပုဆိုးနှင့်လည်ကတုံးဝတ်ထားကာ လူကြီးလူကောင်းပုံစံဖမ်းထား၏။ ကိုယ့်တစ်လမ်းထဲသားချင်းမို့ သူ ဘယ်လိုစရိုက်ရှိသည်ဆိုတာကို တင့်က အသိဆုံးဖြစ်သည်။နာမည်ဆိုးနှင့် ကျော်သည့် ထိုလူက လူကြီးလူကောင်းပုံစံ ဖမ်းထားသည့်အခါ တင့် မျက်လုံးထဲ ဆံပင်မွှေးစူးသလို ဖြစ်နေလေသည်။ထို့ကြောင့် သူပြောသည့်အခါ တင့်ကလည်း အကန်တွေကိုသာ ပြန်ပြောမိ၏။
"ကျွန်မညီမက ရှင့်ကို လာကစားတယ်ပြောရအောင်။ ရှင်က ကစားကွင့်မို့လို့လား။ ကျွန်မညီမက အခုမှ မြှီးကောင်ပေါက်အရွယ် ကလေးသာသာလေးရယ်။"
"အဲ့ကလေးသာသာလေးကပဲ တစ်မျိုးပြီး တစ်မျိုးစိတ်ဒုက္ခပေးထားတာ။ ကျုပ် နေ့နေ့ညညအိပ်မရဘူး။ ခေါ်ပေးစမ်းပါ။ ခေါ်မပေးရင် အခန်းထဲထိဝင်မှာ"
ထိုလူက ချိန်းခြောက်သည့်အခါ တင့်မှာလဲ မနေသာတော့ပေ။ စိမ့်စိမ့်ကို ခေါ်ပေးရလေသည်။
"စိမ့်....စိမ့်....ထွက်လာစမ်းပါ...ဒီကိစ္စလာရှင်း"
တင့်ခေါ်မှ မျက်နှာစူပုတ်ပုတ်ကလေးဖြင့် ထွက်လာလေသည်။ ထိုလူကို ဘုကလန့်ကြည့်ကာ...

YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...