part 29

1K 42 2
                                    

သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၉)

စိမ့်စိမ့်မင်္ဂလာပွဲပြီးသည်နှင့် သူ့ကို ကွာရှင်းဖို့ပြောထားသည့် တင့်ကြောင့် သူဟာ ရင်ထဲမသက်မသာဖြင့် မင်္ဂလာပွဲပြီးမှာကို မလိုလားစွာ စောင့်နေခဲ့ရသည်။ မင်္ဂလာရက်ကို မြန်မြန်မရောက်ချင်ပါ။ စိမ့်စိမ့်ကိုလည်း လူဇော်နှင့် မြန်မြန်မ‌ယူစေချင်။ အကြောင်းက ရှင်းသည်။ မင်္ဂလာပွဲ နောက်ကျလေ တင့်နဲ့သူ ကွာရှင်းမည့်ရက်ကလည်း ဝေးလေဖြစ်မည်။

သူလူဇော့်ကို သွားတွေ့သည်။ မင်္ဂလာရက်ကို နောက်ဆုတ်ဖို့တောင်းဆိုသည်။ လူဇော်က ဂျစ်ကန်ကန်နိုင်၏။ သူ မင်္ဂလာပွဲနောက်ဆုတ်ခိုင်းသည်ကို မကျေနပ်ပေ။

"ကျွန်တော် နောက်မဆုတ်ပေးနိုင်ဘူး။"

သူ့ကို အားမနာတမ်း ပြန်ပြောသည်။ သူ သက်ပြင်းချလိုက်၏။ နောက်ဆုံးမျှော်လင့်ချက်တစ်ခုကို ဆုံးရှုံးလိုက်ရခြင်းအတွက် စိတ်မကာင်းဖြစ်ပေမဲ့ မတတ်နိုင်ပေ။

"စိမ့်နဲ့ လက်ထပ်မယ့်ကိစ္စက ဘယ်လိုအခြအနေပဲရှိရှိ နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် နောက်မဆုတ်ပေးတာပါ။"

"ကျုပ်အတင်းအကြပ် မတောင်းဆိုပါဘူး။ "

သူထိုတစ်ခွန်းသာ ပြောခဲ့လိုက်သည်။ လူဇော်က သူ့မှာလည်း နောက်မဆုတ်ပေးနိုင်သည့်အကြောင်းက ရှိနေသည်။ အကြောင်းက အရေးသည်။ တောင်းရမ်း‌ပွဲနေ့က မင်းသုတကျာ်နှင့် တင့်တို့ ပြဿနာဖြစ်နေတုန်း ဧည့်သည်တွေ အလျှိုလျှို ပြန်ကုန်ကြသလို သူလည်း မသိမသာစိမ့်ကို ခေါ်ပြီးထွက်လာခဲ့သည်။

စိမ့်စိမ့်က ကြောက်တော့ လိုက်ရသည်။ သူ အတင်းကြပ်ဆွဲခေါ်စရာမလို သူ့ဓားမြှောင်ကိုကြောက်၍ အသာတကြည်ပါလာ၏။ သူ့လူသုံးယောက်ကို စီစဉ်ခိုင်းထားသည့်အိမ်ကို ခေါ်သွားခဲ့သည်။

"လူကြီး...ဘာလုပ်မို့လဲဟင်"

စိမ့်စိမ့်က ကြောက်ပြီးသူ့ကိုမေး၏။

"မင်းကို အခုတောင်းပြီးပြီ။ ရက်ပိုင်းအတွင်း လက်ထပ်တော့မှာ သိတယ်မလား။"

"သိတယ်လေ..."

မျက်နှာလေး ရှုံ့မဲ့မဲ့ဖြင့်ပြန်ဖြေ၏။

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now